Unicode
ထယ်ယောင်းမှာအခုဆို ဂျောင်ဂုမိသားစုနဲ့ နေရတာ ပျော်နေပြီဖြစ်သည်။ ဂျွန်မီနာကလည်း ထယ်ယောင်းကိုသားအရင်းတစ်ယောက်လိုဆက်ဆံ၍ ထယ်ယောင်းအတွက်အမေတစ်ယောက်ရလိုက်သလို ခံစားရသည်။
"သားထယ် အစောကြီးရှိသေးတယ် ဘာတွေလုပ်နေတာလည်း..."
"မာမီနိုးပြီးလား ကျွန်တော်က မာမီတို့နိုးရင် စားရအောင် မနက်စာ ထ ပြင် နေတာ..."
"သားထယ်ရယ် အဲ့အလုပ်တွေက သားထယ်လုပ်စရာမလိုပါဘူး...အိမ်ကကောင်မလေးတွေလုပ်မှာပေါ့..."
"ရပါတယ် မာမီရယ် ကျွန်တော် ဒီမှာနေတုန်းလေး မာမီတို့ကို ကိုယ်တိုင်ချက်ကျွေးချင်လို့ပါ..."
ထယ်ယောင်းစကားကြားတော့ ဂျွန်မီနာလည်းဘာမှမပြောတော့....
##
"အချစ်... မောင်တို့တွေ မဂ်လာဆောင်ဖို့ကို ဒီမှာပဲ လုပ်ကြရအောင် .... ဒီမှာက မာမီတို့လည်းရှိတော့ ကောင်းတာပေါ့..."
"အင်းပါမောင် ငါကတော့ မောင်သဘောပါ..."
" အချစ်သဘောတူတယ်ဆို မောင် မာမီကိုပြောပြီး ဒီမှာမဂ်လာဆောင်ဖို့ လုပ်လိုက်တော့မယ်..."
"အင်း မောင်.."
"နောက်ဆုံးတော့ အများရှေ့မှာ အချစ်ရဲ့ လက်လေးကိုတွဲပြီး မဂ်လာခမ်းမထဲ ဝင်ခွင့်ရတော့မှာပေါ့လေ....တွေးရင်းပျော်လိုက်တာအချစ်ရယ်..."
"ငါရောပဲ အရမ်းပျော်တယ် ...ငါတို့မှာ သားလေးသာ ရှိလာတာ မဂ်လာကြီးကြီးမားမားလည်းမဆောင်ခဲ့ရဘူး...အခု မဂ်လာဆောင်ရတော့မယ်ဆိုတော့ ငါအရမ်းပျော်တယ် မောင်ရယ်..."
ထယ်ယောင်းပြောတော့ ဂျောင်ဂု သူတို့ရဲ့ အရင်ကအကြောင်းတွေပြန်ကာတွေးမိသွားသည်။ အဲ့တုန်းက သူ့မှာ ပိုက်ဆံမရှိ၍ ထယ်ယောင်းကို တင့်တောင်းတင့်တယ်လည်းမထားခဲ့ရသလို မဂ်လာလည်းမဆောင်ပေးခဲ့ရ၊ ဒီကြားထဲ သခင်မကြီးရဲ့နှောင်ယှက်မှု့ကြောင့် ချစ်လျှက်နဲ့ ဝေးကွာသွားခဲ့ရသေးသည်။
"မောင်...အချစ်အပေါ် တာဝန်မကျေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်အချစ်ရယ်....အခုမောင်တို့မဂ်လာဆောင်ကို မာမီနဲ့တိုင်ပင်ပြီး ခမ်းခမ်းနားနားကျင်းပမယ်...အချစ်ကို အကောင်းဆုံးဆိုတဲ့ အရာတွေကြီး မောင်လုပ်ပေးမယ်..."
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....