Part-9🚨

472 28 5
                                    

Unicode

သခင်မကြီးတစ်ယောက် သူ့တပည့်ပို့ပေးတဲ့ ဓာတ်ပုံတွေကြည့်ကာ အံတကျိတ်ကျိတ်​ဖြစ်နေတော့သည်။

"လိမ်ထားကြစမ်း ငါပြန်လာမှ ဘာဖြစ်မလည်းဆိုတာ စောင့်ကြည့်ထားကြ.."

သခင်မကြီး ဓာတ်ပုံတွေကြည့်ကာ ချက်ချင်းထပြန်သွားချင်ပင်မဲ့ အလုပ်ကိစ္စမပြီးပျက်သေး၍ ပြန်သွားလို့လည်း မရ၍ စိတ်ကိုတော်တော်လေးထိန်းချုပ်ထားရသည်။

####

ဧည့်ခန်းထဲထိုင်ကာ TVကြည့်နေတဲ့ ထယ်ယောင်းနားကို အိမ်တော်ထိန်းတစ်ယောက်ရောက်လာသည်။

"သခင်လေး ဒီရက်ထဲ အပြင်မထွက်ဖို့ သခင်မကြီးကလှမ်းပြောပါတယ်..."

အိမ်တော်ထိန်းစကားကြောင့် ထယ်ယောင်းလည်းTVကြည့်နေရာက အိမ်တော်ထိန်းကိုလှမ်းကြည့်လိုက်သည်။

"ဘာလို့လည်း အိမ်တော်ထိန်း မေမေက အိမ်တော်ထိန်း ကို လှမ်းပြောတာလား...."

"ဟုတ်ပါတယ် သခင်လေး သခင်မကြီးကိုယ်တိုင်ဖုန်းဆက်ပြောတာပါ.."

ထယ်ယောင်းတွေဝေသွားသည်။

"မေမေက ဘာဖြစ်လို့ အပြင်မထွက်ခိုင်းရတာလည်းမသိဘူး...ကျွန်တော့်စီလည်း အခုရက်ထဲ ဖုန်းမဆက်ဘူး... "

"မသိပါဘူး သခင်လေးရယ် ကျွန်တော့်ကိုတော့ ဒီနေ့မနက်ကမှ သခင်လေး ကိုအပြင်မသွားခိုင်းဖို့ဖုန်းဆက်ပြောတာ.."

"အင်းပါ မေမေ မသွားနဲ့ဆိုလည်း မသွားယုံပေါ့..."

ထယ်ယောင်းမှာ အပြင်ထွက်ခွင့် မရတော့ဘူးဆို၍ စိတ်ပျက်မိသွားသည်။ သူ့အမေမရှိတုန်း ဂျောင်ဂုနဲ့အပြင်မှာ အချိန်ဖြုန်းရတာဟာ သူ့အတွက် ပျော်စရာအလွန်ကောင်းသည်။ အခုတော့ ထိုအခွင့်အရေးမရတော့၍ TVကြည့်ချင်စိတ်ပါမရှိတော့ကာ သူ့အခန်းထဲပဲ ပြန်လာလိုက်တော့သည်။

!ဟူး မေမေက ဘာလို့ အပြင်မထွက်ခိုင်းတော့တာလည်း.......!

ညဘက်လူခြေတိတ်ချိန်ရောက်တော့ ထုံးစံအတိုင်း ဂျောင်ဂုတယောက် ဝရံတာကနေတဆင့် ထယ်ယောင်းအခန်းထဲကို တက်လာတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Onde as histórias ganham vida. Descobre agora