Unicode
"ဂျယ်ဆော့ ငါဒီအိမ်တော်ကို ရောင်းဖို့ ဝယ်မဲ့သူတွေ့ပြီလား..."
"ဟုတ်သခင်မကြီး တွေ့ထားပါပြီ..."
"အဲ့ဒါဆိုလည်း မြန်မြန် ဆက်သွယ်လိုက်လေ အကြွေးရှင်တွေက ငါ့ကိုလာလာပြီးနားပူနေကြတာ ငါလည်း နားငြီးလှပြီ.."
"သခင်မကြီး ဒီအိမ်တော်ကိုရောင်းလိုက်ရင် ဘယ်မှာသွားနေမှာလည်း.."
"အဲ့ဒါကြောင့်နင့်ကိုပြောတာပေါ့ ဝယ်ပြီးလာမနေမဲ့ လူမျိုးကိုရှာလို့ အဲ့ဒါမှ သူတို့ရောင်းပြီး ငါဒီမှာ နေလို့ရမှာ.."
"ဟုတ်ကဲ့ သခင်မကြီး ကျွန်တော်ဝယ်မဲ့လူကို မေးကြည့်လိုက်ပါ့မယ်..."
"အေးမြန်မြန်မေးလိုက်.."
##
"သူဌေး သခင်မကြီးက သူ့အိမ်တော်ကို ပြန်ရောင်းဖို့လုပ်နေပါတယ်...ပြီးတော့ အဲ့အိမ်တော်ကိုဝယ်မဲ့ သူက လူမနေပဲ ဒီတိုင်းဝယ်ထားမဲ့ လူမျိူးကိုရှာနေပါတယ်.."
ဂျောင်ဂုရယ်ချင်မိသွားသည်။ သခင်မကြီးက သူဘုံပျောက်မှာဆိုးလို့ အကြံဉာဏ်နဲ့ ဝယ်ပြီးလူမနေမဲ့လူမျိုးကိုရှာမှန်း ရိပ်မိသည်။
"မင်း ဆက်သွယ်ကြည့်လိုက် ပြီးရင် အဲ့အိမ်တော်ကို ငါဝယ်မယ်...ငါဝယ်တာမသိစေနဲ့ ငါ့သားနာမည်နဲ့ဝယ်မယ်.."
"ဟုတ်ကဲ့သူဌေး ကျွန်တော်ဆက်သွယ်ကြည့်လိုက်ပါ့မယ်..."
ဂျောင်ဂု ကျေနပ်စွာပြုံးလိုက်မိသည်။
!ဟက်...သခင်မကြီး ခင်ဗျား ဘုံပျောက်မှာ ကျိန်းသေပြီ..!
"သခင်မကြီး ဝယ်မဲ့လူ ဆက်သွယ်လာပါပြီ သူတို့ကနိုင်ငံခြားမှာ နေတာ ဒီအိမ်ကို ဒီအတိုင်းဝယ်ထားမှာတဲ့..."
"ဟေ ဟုတ်လား...ဒါဆို မြန်မြန်ပြန်ဆက်သွယ်လိုက်...လူမနေဘူးဆို ငါရောင်းမယ်..."
"ဟုတ် သခင်မကြီး.."
သခင်မကြီးဝမ်းသာသွားတော့သည်။
!တော်သေးတာပေါ့..ငါရှာနေတဲ့ ဝယ်သူမျိုးတွေ့လို့....!
ဂျောင်ဂု ပြန်လာတော့ ထယ်ယောင်းမှာ ပြတင်းပေါက်လေးကိုမေးလေးထောက်ကာ အပြင်ကိုငေးကြည့်နေသည်။ ဂျောင်ဂုအခန်းထဲဝင်ဝင်ချင်းတွေ့လိုက်ရတဲ့ ထယ်ယောင်းပုံစံလေးကြောင့်အသံမပေးပဲ ရပ်ကြည့်နေမိသည်။
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....