Part-30

424 42 19
                                    

Unicode

ဆာရန်းလေးကျောင်းကပြန်လာတော့ ထယ်ယောင်းစီကို အရင်ဆုံးသွားတော့သည်။

"ပါပါး ဘယ်လိုနေသေးလည်း ခေါင်းကိုက်နေတာသက်သာလားဟင်..."

"သက်သာပါတယ် သားလေးရယ်...သားလေးရော ကျောင်းမှာ ပျော်ရဲ့လား.."

"ပျော်တော့ ပျော်ပါတယ် ပါပါးရယ် ဒါပင်မဲ့ သားသားစိတ်ကပါပါးစီပဲရောက်နေတာ..."

"ဟင်...ဟုတ်လား.."

"ဟုတ်တယ် ပါပါးရဲ့ ပါပါးက နေမကောင်းတော့ သားသားမှာ ပါပါးကိုစိတ်ပူနေရတာ.."

ဆာရန်းစကားကြားတော့ထယ်ယောင်းမှာ ဆာရန်းလေးကို ရင်ခွင်ထဲ ထည့်ကာ ထွေးပွေ့လိုက်သည်။

"သားလေးရယ်...ပါပါးနေကောင်းပါတယ်.."

ဂျောင်ဂုမှာတော့ ဆာရန်းရဲ့စကားတက်မှု့ကြောင့် လက်ဖျားခါသွားသည်။

"သဲကျော်လေး အဝတ်အစားလဲရအောင် အဝတ်အစားလဲပြီးမှ ပါပါးစီပြန်လာပေါ့.."

"ဟုတ်ဒယ်ဒီ..ပါပါး သားသား အဝတ်အစားသွားလဲ လိုက်ဦးမယ်နော်.."

"ကောင်းပါပြီဗျာ.."

ဂျောင်ဂုနဲ့ဆာရန်းထွက်သွားရာကို ထယ်ယောင်းမှာ မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။

သူ့အပေါ်မှာထားတဲ့ ဆာရန်းရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ကျေနပ်ပီတိဖြစ်နေမိသည်။

"သဲကျော်လေး မင်းအိုဗာတင်းတွေအရမ်းဖျော်တာပဲနော်..."

"ဟင်...သားသားက ဘာအိုဗာတင်းဖျော်လို့လည်း..ဒယ်ဒီရဲ့.."

"စောနက ပါပါးကို ပြောနေတာလေ...သားသားစိတ်ကပါပါးစီပဲရောက်နေတာဆိုပြီး...."

"အဲ့ဒါ တကယ်ပြောတာလေ...သားသားကျောင်းမှာ ပါပါးကိုပဲသတိရနေတာ..."

"ပါပါးကို အဲ့လောက်တောင်ပဲချစ်တာလား.."

"အင်း...သားသား ပါပါးကိုအရမ်းချစ်တယ်..."

"ဒါဆို ဒယ်ဒီကိုရော မချစ်ဘူးလား.."

"ချစ်တယ်လေ...နှစ်ယောက်လုံးကိုတူတူချစ်တာ..."

"ဟုတ်လို့လားကွာ.."

"ဟုတ်ပါတယ်ဆို ဒယ်ဒီကလည်း...ဒါနဲ့ ဒယ်ဒီ ​ပါပါးက သားသား ပါပါးဆိုတာ ဘာလို့မသိစေချင်တာလည်း....."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now