Part_36

404 38 2
                                    

Unicode

"သခင်လေး...."

"အိမ်တော်ထိန်း....မင်ယောင်း...."

ထယ်ယောင်းမှာ အိမ်တော်ထိန်းနဲ့ မင်ယောင်းကိုမြင်တော့ ပြေးဖက်တော့သည်။

"သခင်လေး နေကောင်းတယ်နော်...."

"ဟုတ်....ကျွန်တော် နေကောင်းပါတယ်..အိမ်တော်ထိန်း...."

"သခင်လေးရယ် ကျွန်တော်တို့မှာ သခင်လေးကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ...."

"ကျွန်တော်လည်း အိမ်တော်ထိန်းနဲ့ မင်ယောင်းကို လွမ်းနေခဲ့တာပါ...."

"အခုလိုမျိုး သခင်လေး အစဉ်အပြေပြေရှိနေတာမြင်တော့ ကျွန်တော်၀မ်းသာလိုက်တာ သခင်လေးရယ်...."

"ထယ်...အိမ်တော်ထိန်းကို မောင်တို့ အိမ်မှာ အလုပ်ခန့်မလို့...ထယ်ဘယ်လိုသဘောရလဲ..."

ဂျောင်ဂုပြောတော့ ထယ်ယောင်း၀မ်းသာလို့သွားသည်။

"တကယ်လား မောင် အိမ်တော်ထိန်းကို တကယ်ပဲ အိမ်မှာ အလုပ်ခန့်မှာလား..."

"ဟုတ်တယ် ထယ် မင်ယောင်းကိုလည်း မောင့်ကုမ္ပဏီမှာ အလုပ်ပေးမှာ...."

"ဟင် ဟုတ်လား.....ဘာပဲပြောပြော ကျွန်တော်ကတော့ ကျွန်တော် ချစ်တဲ့ လူတွေနဲ့ အတူတူ ပြန်နေရတော့မှာမို့ အရမ်းပျော်တာပဲ...."

"ကျွန်တော်တို့လည်း ပျော်တာပေါ့ သခင်လေးရယ် ....ရှေ့လျှောက်သခင်လေးတို့မိသားစုကို ကျွန်တော်တို့တူရီးသေချာပြုစုစောင့်ရှောက်ပါ့မယ်လို့ကတိပေးပါတယ်..."

"ကတိမပေးလည်း ကျွန်တော်ယုံပါတယ် အိမ်တော်ထိန်းရယ်...ကျွန်တော် စိတ်ဓာတ်ကျပြီး ပူဆွေးသောက ရောက်နေတဲ့ အချိန်တုန်းက အိမ်တော်ထိန်းနဲ့မင်ယောင်းပဲ ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တာပဲ...."

ထိုစဉ်....

"ပါပါး သားသား ပြန်လာပြီ..."

"သားလေး ပြန်လာပြီလား..."

"ဟုတ်ကဲ့ ပါပါး..."

"သခင်လေး ဒါ ဆာရန်းလေးလား...."

"ဟုတ်တယ် အိမ်တော်ထိန်း ဒါ ကျွန်တော့်သား ဆာရန်းလေး..."

အိမ်တော်ထိန်းမှာ ဆာရန်းကို မြင်တော့ မျက်ရည်တွေဝဲတက်လာတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~On viuen les histories. Descobreix ara