Part-34

568 39 12
                                    

Unicodd

ထယ်ယောင်းအပြစ်ပေးမယ်ပြောတော့ ဂျောင်ဂုမှာ မျက်နှာငယ်လေးနှင့်အသနားခံတော့သည်။

"အချစ်ရယ်...မောင် တောင်းပန်ပါတယ်နော်...မောင့်ကို အပြစ်မပေးပါနဲ့ကွာ..."

"မရပါဘူး...ငါ့ နှလုံးသားကိုနာကျင်အောင်လုပ်ခဲ့တဲ့ မောင့်ကို အပြစ်ပေးရမှ ကျေနပ်မှာ..."

ထယ်ယောင်းစကားအဆုံး တံခါးအကွယ်က ချောင်းနားထောင်နေတဲ့Angelaကပါဝင်​ပြောတော့သည်။

"ဟုတ်တယ် အကိုထယ်ယောင်း...အကိုထယ်ယောင်းကို နာကျင်အောင်လုပ်ခဲ့တဲ့ ဂျေးကို ကြီးမားတဲ့အပြစ်ပေးလိုက်ပါ..."

Angelaစကားကြားတော့ ဂျောင်ဂုမှာ Angelaကို မျက်ထောက်နီနဲ့ လှမ်းကြည့်တော့သည်။

"Angela မင်းကပါ မင်း ခဲအိုဘက်ကပေါ့ဟုတ်လား..."

"ဟုတ်တယ်လေ အဲ့လိုဖြစ်မှာဆိုးလို့ ဂျေးကိုငါတားခဲ့သားပဲ...ဂျေးကမှ မရတာ...သက်သက်မဲ့ ငါက ဂျေး မိန်းမအဖြစ် အထင်ကခံရသေးတယ်..."

"ဟုတ်တယ် Angela... ကျွန်တော့်မှာလည်း Angelaက မောင့် မိန်းမထင်ပြီး ဘယ်လောက်တောင် မျက်နှာတွေပူလိုက်ရသလဲ...မောင်ကလေ တကယ်ကို မကောင်းဘူး ငါ့ကို နာကျင်ရအောင် အရမ်းလုပ်တာ...အဲ့ဒါကြောင့် အပြစ်ပေးကို ပေးရမယ်..."

"အချစ်က မောင့်ကို ဘာအပြစ်ပေးမှာလည်း..."

ထယ်ယောင်းတစ်ယောက်စဥ်းစားသလိုလေးလုပ်ကာ...

"အင်း....မောင့်ကို ပေးမဲ့အပြစ်က....မောင်ငါနဲ့ 2လတိတိ လာမအိပ်ရဘူး...ပြီးတော့ အဲ့2လုံးငါ့အသားလည်း လုံးဝမထိရဘူး..."

ထယ်ယောင်းပေးတဲ့ အပြစ်ကြောင့် Angelaက ထရယ်တော့သည်။

ဂျောင်ဂုမှာတော့ မှုံကုတ်ကုတ်နှင့် ထယ်ယောင်းပေးတဲ့ အပြစ်ကို မကျေမနပ်ဖြစ်တော့သည်။

"အချစ်ကလည်းကွာ အချစ်နဲ့ 2လလုံးတူတူမအိပ်ရဘူး အချစ်အသားကိုလုံးဝမထိရဘူးဆိုတာတော့မဟုတ်သေးပါဘူး...မောင်အချစ်နဲ့ တူတူမအိပ်ပဲမှ မနေနိုင်တာ..."

"အပိုတွေ ပြောမနေနဲ့...ငါပေးတဲ့ အပြစ်ကို မောင်ကျေကျေနပ်နပ်ကြီး လက်ခံဖို့ပြင်ထား...မောင်ငါ့ကို အပြစ်ပေးတုန်းကလည်း မောင်ပေးတဲ့ အပြစ်ကိုငါကျေကျေနပ်နပ်ကြီးခံခဲ့တာပဲ..."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now