Chapter(3):ကျန်းမိသားစုက လူများ

5K 1K 2
                                    

Zawgyi

မျှော်လင့်ထားတဲ့အတိုင်းပဲ ကျန်းမိသားစုကလူတွေက
မင်္ဂလာလက်ဖွဲ့အများကြီးနဲ့ မကြာခင်မှာပဲ ​ရောက်လာကြတယ်။ အဲ့ဒါက ပုံမှန်လက်ထပ်ပွဲတွေထက် ပိုများနေတာကြောင့် တည်ငြိမ်ဟန်ဆောင်ပြီး ဟန်လုပ်နေကြတဲ့ ယွီမိသားစုကလူတွေက ပီတိဖြာကုန်ကြတယ်။

အဲ့ဒီနေ့မှာပဲ ယွီဂျင်လီက ကျန်းမိသားစုဆီကို လာခေါ်တဲ့လူတွေနဲ့ပဲ လိုက်သွားခဲ့တယ်။ ကျန်းမိသားစုကလူ​တွေက ယွီဂျင်လီကိုမြင်တဲ့အခါ ယွီဂျင်ရှန်းကို အလိုအလျောက် ခိုးကြည့်လိုက်ကြပေမဲ့ ဘာတစ်ခွန်းမှမ​ပြောဘဲ ယွီဂျင်လီကို သူတို့နဲ့ခေါ်ဆောင်သွားခဲ့တယ်။

ကျန်းမိသားစုကလူတွေ ထွက်ခွာသွားတာကို မြင်လိုက်ရပြီးနောက် ဆန်းတုမိန်နဲ့ယွီဂျင်ရှန်းတို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြတယ်။ ဘေးအန္တရာယ်တစ်ခုကို သူတို့ကောင်းကောင်း ​ကျော်ဖြတ်နိုင်ခဲ့ကြတာပဲ။

ကျန်းမိသားစုနဲ့လိုက်သွားတဲ့ ယွီဂျင်လီကတော့ ဒီကမ္ဘာကိုရောက်လာတာ အချိန်အနည်းငယ်ပဲ ရှိသေးတာဖြစ်တဲ့အတွက် ခံစားချက်အများကြီး မရှိပါဘူး။သူ့အတွက် အခုအရေးကြီးဆုံးက လိုက်လျောညီထွေဖြစ်အောင် ​နေနိုင်ဖို့ပဲ။

မူလကိုယ်ရဲ့မှတ်ညဏ်ကို ရပြီးပြီဆိုပေမဲ့လည်း
မူလကိုယ်က ယွီမိသားစုရဲ့ ညဉ်းပန်းနှိပ်စက်မှုအောက်မှာ ခံစားရင်း ​နေလာခဲ့ရတာဆိုတော့ ​ကျောင်းကိုလည်း မသွားခဲ့ရဘူး။ သူ့ကမ္ဘာရဲ့အကြောင်းကိုလည်း နည်းနည်းလေးတောင်မသိဘူး။ ဒီကမ္ဘာမှာ သူသင်ယူရမဲ့အရာတွေ အများကြီးရှိနေတာပဲ။

ကျန်းမိသားစုရဲ့ဘဏ္ဍာစိုးအိုကြီးက ကျန်းမိသားစုပို့လိုက်တဲ့ လူတွေထဲကတစ်ယောက်ဖြစ်တယ်။ သူကကျန်းမိသားစုထဲမှာ အရေးကြီးတဲ့နေရာတစ်နေရာကို ဆုပ်ကိုင်ထားတယ်လို့ ပြောလို့ရတယ်။ ကျန်းမိသားစုဆီ ပြန်လာတဲ့လမ်းမှာ ယွီဂျင်လီက ဘယ်​လောက်ငြိမ်ပြီး ရှက်တတ်လဲဆိုတာကို တွေ့လိုက်ရတော့ သူ့စိတ်ထဲမှာ ပြုံးလိုက်မိတယ်။

ယွီမိသားစုက သူတို့ရဲ့ကတိကို ဒီတစ်ကြိမ်မှာ ချိုးဖျက်လိုက်ပေမဲ့ အခုလက်ရှိ ကျန်းမိသားစုအခြေအနေနဲ့ ငယ်ငယ်ကတည်းကနေ ကြီးပြင်းလာတဲ့အထိ စောင့်ကြည့်လာခဲ့ရတဲ့ သခင်ငယ်လေးက ဖျားပြီး အိပ်ယာထဲမှာလဲနေတာကို သူပြန်တွေးမိတော့ သက်ပြင်းမချပဲကိုမနေနိုင်ဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Donde viven las historias. Descúbrelo ahora