Chapter(43):ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ခြင်း

4.1K 864 7
                                    

Zawgyi

သူတို့တွေက အများကြီးတွေးလိုက်မိပြီးတော့ စိတ်ရှုပ်ထွေးနေကြတယ်။ အမှန်တကယ်မှာဆိုရင် မိန်းမပျိုငယ်လေးအတွက်ဆိုရင် ဒီဟင်းချက်နည်းလမ်းတွေက အရမ်းသာမန်ဆန်တော့ လူတိုင်း အစား​ကောင်းကောင်းစားရတာက သူ့အတွက် ဘာကိစ္စမှမရှိဘူး။ လူအများကြီးသင်ယူလေလေ သူတို့ရဲ့ဘဝအတွက် ပိုပြီးသက်တောင့်သက်သာရှိလေလေပဲ ဖြစ်တယ်။

မိန်းမပျိုငယ်လေးနှင့်ယှဉ်ရင် အဲ့ဒီစားဖိုမှူးမျိုးနွယ်တွေက မျက်စိကန်းနေကြတာပဲ။

အလင်းတန်းအစက်သေးသေးလေးအချို့
စားဖိုမှူးသုံးယောက်ဆီကနေ လွင့်မျောလာပြီးတော့ ယွီဂျင်လီကို ပတ်ပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားကြတယ်။

ယွီဂျင်လီ ဒီတစ်ကြိမ်မှာတော့ အဲ့ဒါကို ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်။ ဒီသုံးယောက်သား ဒီအချိန်လေးအတွင်းမှာ ဘာတွေတွေးနေသလဲဆိုတာကို သူမသိပေမဲ့လည်း ယုံကြည်မှုစွမ်းအားတွေကို စုဆောင်းနိုင်လိုက်လို့ သူအရမ်းပျော်နေတယ်။

အဲ့ဒါကြောင့် ယွီဂျင်လီက လူသုံးယောက်ကို နောက်တစ်ကြိမ်ထပ်ပြီး ရင်ထဲထိသွားစေတဲ့ အပြုံးကြီးကြီးတစ်ပွင့်ကို ပေးလိုက်တယ်။ သူတို့တွေက မိန်းမပျိုငယ်လေးကို ကာကွယ်မယ်လို့  သူတို့ရဲ့စိတ်ကို ဆုံးဖြတ်လိုက်တယ်။ မုန်းတီးရေးသမားတွေ မိန်းမပျိုငယ်လေးကို ထိခိုက်နာကျင်အောင် လုပ်ခွင့်မပြုနိုင်ဘူး။

တကယ်လို့ ဒီအချိန် အပေါ်ထပ်မှာ လှဲလျောင်းနေတဲ့
ကျန်းမော့ရှန်းသာ ဒီစားဖိုမှူးသုံးယောက်တွေးနေတာကို သိခဲ့မယ်ဆိုရင် သူပိုပြီးစိတ်ဓာတ်ကျသွားပြီးတော့
သူ့ရဲ့ဒဏ်ရာတွေကို ကုသဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်သွားလိမ့်မယ်။

သူ့မိသားစုရဲ့ကောင်ငယ်လေးက အရမ်းနှစ်လိုဖွယ်
ကောင်းနေတော့ သူကိုယ်တိုင် သတိမထားမိပဲနဲ့တောင် လူတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တယ်။ သို့သော်လည်း သူအဲ့ဒါကို တမင်သက်သက်လုပ်တာ မဟုတ်ဘူးဆိုရင်တောင်မှ အဲ့ဒါက ကျန်းမော့ရှန်းကို မပျော်မရွှင်ဖြစ်စေတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now