Chapter(42):လေ့လာသင်ယူခြင်းကို ကြိုက်နှစ်သက်ခြင်း

4.1K 879 4
                                    

Zawgyi

"မိန်းမပျိုငယ်လေး မိန်းမပျိုငယ်လေးက ဒီတစ်ကြိမ်
ကိုယ့်ဘာသာကိုယ် လုပ်တော့မလို့လား?" ဇန်ဖေချီက မျှော်လင့်စောင့်စားလျက် မေးလိုက်တယ်။

"ဟုတ်တယ်။ ကျွန်တော်က ဒီည live stream တစ်ခု လုပ်ဖို့ရှိတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်က  
ပါဝင်ပစ္စည်းတွေအားလုံးကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ခင်ဗျားတို့ကျွန်တော့်ကို ကူညီပေးနိုင်မလား?" ယွီဂျင်လီက အချိန်ကို တစ်ချက်ကြည့်လိုက်တယ်။ ညစာစားချိန်မတိုင်မီ နှစ်နာရီအလိုဖြစ်တယ်။ အခုသူတို့တွေ ပါဝင်ပစ္စည်းတွေကို စတင်ပြင်ဆင်ရမယ်။

ဒီစကားကိုကြားတော့ ယောက်ျားသုံးယောက်က သူတို့ရဲ့ခေါင်းတွေကို ငြိမ့်လိုက်ကြတယ်။

အကူအညီ! သူတို့တွေသေချာပေါက် ကူညီရမယ်။ သူတို့တွေ မိန်းမပျိုငယ်လေးနဲ့ ချက်တဲ့အချိန်တိုင်း အဲ့ဒါက အမြင်အာရုံကို ပျော်ရွှင်ကျေနပ်မှုပေးနည်း တစ်မျိုးပဲ။

"မိန်းမပျိုငယ်လေး မိန်းမပျိုငယ်လေးက ဘယ်အချိန် live streaming လုပ်မှာလဲ?" ဇန်ဖေချီက နောက်ဆုံးမှာတော့ သူ့ရဲ့သိချင်စိတ်ကို ထိန်းမနိုင်တော့ပဲ မေးလိုက်တယ်။

အမှန်တကယ်မှာတော့ မျိုးရိုးစဉ်ဆက်စားဖိုမှူးမိသားစုရဲ့ မျိုးဆက်သစ်တွေကလည်း မင်းကြည့်ဖို့အတွက် သူတို့ရဲ့ချက်ပြုတ်ပြီးတဲ့ဟင်းပွဲတွေကို
တိုက်ရိုက်ထုတ်လွှင့်ပြလေ့ရှိတယ်။ သူတို့တွေက
ချက်ပြုတ်ပြီးသားအစားအစာတွေကို ပြတာဆိုပေမဲ့
လည်း စားဖိုမှူးတွေအများကြီးကို သူတို့ရတနာတစ်ခုခုများ ရှာတွေ့နိုင်မလားဆိုပြီး စူးစမ်းရှာဖွေရအောင် ပြုလုပ်နေတုန်းပဲ။

တကယ်လို့ မိန်းမပျိုငယ်လေးသာ live stream
လုပ်ခဲ့မယ်ဆိုရင် သူတို့တွေက အဲ့လူတွေကို ကွာခြားမှုအနည်းငယ်ကြောင့် သေချာပေါက် စွန့်ပစ်လိုက်ကြမှာပဲ။ မျိုးရိုးစဉ်ဆက် စားဖိုမှူးမိသားစုက လူတွေဆိုရင်တောင်မှ မိန်းမပျိုငယ်လေးနဲ့ မယှဉ်ပြိုင်နိုင်မှာကို သူတို့စိတ်ပူမိတယ်။

အဲ့လိုမျိုးတွေးမိပြီးနောက် ဇန်ဖေချီနဲ့ကျန်တဲ့လူနှစ်ယောက်က ချက်ချင်းဂုဏ်ယူသွားသလို ခံစားလိုက်ရတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now