Zawgyi
[တင်းတောင်-I am a Yangtze River က live stream ထဲ ဝင်ရောက်လာပါတယ်။]
Live stream ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာရင် မျက်နှာပြင်ပေါ်မှာ အသိပေးချက်ပေါ်လာလိမ့်မယ်။သို့သော်လည်း အသံမဖွင့်ထားမိတော့ ယွီဂျင်လီက သတိမထားမိဘူး။ ပြီးတော့ ကြည့်ရှုသူကလည်း ဘာမှတ်ချက်မှမပေးသေးဘူးလေ။
ဒီလိုမျိုးနဲ့ပဲ တစ်ယောက်က တိတ်ဆိတ်စွာ ကြည့်နေပြီး တစ်ခြားတစ်ယောက်က ပြန်လည်တုံ့ပြန်ခြင်းမရှိပဲနဲ့ တိတ်ဆိတ်စွာ ချက်ပြုတ်နေတယ်။ ဒါပေမဲ့ အဲ့ဒါကိုကြည့်ရတာ အရမ်းသဟဇာတဖြစ်နေပုံရတယ်။ ဒုတိယမြောက်
ကြည့်ရှုသူက live stream ထဲကို မဝင်ရောက်လာခင်အထိပေါ့။[တင်းတောင်-Ao Ao Ao က live stream ထဲဝင်
ရောက်လာပါတယ်။][Streamer ဘာလို့မျက်နှာမပြတာလဲ?]
[eh? streamer ဘာလုပ်နေတာလဲ?]
[ဟင်းကိုကြည့်ရတာ ကောင်းမဲ့ပုံပဲ။ အဲ့ဒါ streamer ကိုယ်တိုင် ချက်ထားတာလား?]
[အံ့သြစရာပဲ! ငါပန်းပို့ပေးလိုက်မယ်။]
[တင်းတောင်-Ao Ao Ao က streamer I am a koi fish ကို နှင်းဆီပန်းတစ်ပွင့် ပို့ပေးလိုက်ပါတယ်။]
ဒီစနစ်မှာက သူ့ရဲ့ကိုယ်ပိုင်အသံပါတာကြောင့် ဒီတစ်ခါမှာတော့ ချက်ပြုတ်နေတဲ့ ယွီဂျင်လီက အဲ့ဒါကိုကြားတော့ မသိစိတ်အရ live stream မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်မိတယ်။ အဲ့နောက် သူ Ao Ao Ao ကနေပို့လာတဲ့ မှတ်ချက်အမြောက်အမြားကို မြင်လိုက်ရတယ်။
တစ်ခြားမှတ်ချက်တွေလည်း မရှိဘူးဆိုတော့ Ao Ao Ao တစ်ယောက်ပဲ မျက်နှာပြင်ပေါ်မှာ ပေါ်နေတယ်။
"ဟုတ်တယ်။ ကျွန်တော်က မိုးခိုသားချိုချဉ်ချက်နေတာ။ ပန်းအတွက် ကျေးဇူးတင်ပါတယ်။" ယွီဂျင်လီက Ao Ao Ao ရဲ့ မေးခွန်းတွေအကုန်လုံးကို ပျော်ရွှင်စွာ ပြန်ဖြေလိုက်တယ်။
ယွီဂျင်လီရဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ
လူတစ်ကိုယ်လုံးက အချိန်ခဏလောက် အသက်ရှူမှားသွားတယ်။ အဲ့နောက် သူ့လက်ချောင်းကို [Leave] ခလုတ်ပေါ်ကနေ တိတ်တဆိတ် ပြန်ရုပ်လိုက်တယ်။
ČTEŠ
TYGW's Mr.Lucky (BL) [Myanmar Translation] Book-1
AkčníThis novel's not mine. I love to read this novel. So I translate for fun. Please support original author and english Translator. Title : The Young General's Wife Is Mr.Lucky Author : Demon Fox With Fiery Tail Status : 528 chapters (completed) Start...