Chapter(6):အန်ကယ် ပိုသက်သာရာရလိမ့်မယ်။

4.7K 1K 6
                                    


Zawgyi

ယွီဂျင်လီက ကျန်းအိမ်ကိုရောက်ရုံပဲ ရှိသေးတယ်။ သူ့ရဲ့ပတ်ပတ်လည်မှာရှိတဲ့ အရာအားလုံးကို သိချင်စိတ်ပြင်းပြနေပြီ။ အထူးသဖြင့် ဒီမှာရှိတဲ့လေထုက သူ့ကိုဒီနေရာကို ပိုပြီးကြိုက်လာအောင် လုပ်နေတယ်။

ဘဏ္ဍာစိုးကျန်းဘိုက လမ်းကိုအရှေ့ကနေ ဦးဆောင်ခေါ်သွားတယ်။ ယွီဂျင်လီအနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ပုံမှန်အားဖြင့် အနားမှာရှိတဲ့မြူတွေက အဖြူရောင်ဖြစ်နေတယ်။ ဆိုလိုတာက ဒီမှာရှိတဲ့မိသားစုဝင်အားလုံးက မကောင်းတဲ့အလုပ်ကို တစ်ခါမှမလုပ်ဖူးဘူးဆိုတာကို ပြနေတယ်။

ယွီဂျင်လီအတွက် အံ့အားသင့်စရာအကောင်းဆုံးက ယာဉ်ပျံပေါ်ကနေ ငုံ့ကြည့်လိုက်ရင်တောင် သိသိသာသာမြင်နိုင်လောက်တဲ့ မျက်စိကျိန်းလောက်စေတဲ့ ရွှေရောင်အလွှာက အဖြူရောင်မြူတွေထဲမှာ ရှိနေတာပဲ။

ယွီဂျင်လီက ရွှေရောင်အလင်းတွေ အများကြီးရှိနေတဲ့အိမ်ကို အရင်ကတစ်ခါမှမမြင်ဖူးဘူး။ ဒါက ဒီလောက်များပြားတဲ့ ရွှေရောင်အလင်းတန်းတွေကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပဲ။

အဲ့ဒါက ဘိုးဘေးဘီဘင်ကတည်းက ဒီမိသားစုမှာ ကြီးမြတ်တဲ့ကုသိုလ်ကံနဲ့ ယောက်ျားတစ်ယောက် အမြဲတမ်းရှိနေတယ်ဆိုတာကို ပြနေတာပဲ။ အဲ့ဒါကြောင့် ဘိုးဘေးပိုင်အိမ်ကို ရွှေရောင်အလင်းကုသိုလ်ကံတွေနဲ့ ကာကွယ်ပေးထားတာပဲ။

ယွီဂျင်လီကတော့ အမှန်တကယ်ကို ပျော်ရွှင်နေပြီ။ ရွှေရောင်အလင်းကုသိုလ်ကံတွေနဲ့ ကောင်းချီးပေးခံထားရတဲ့ ဒီလိုနေရာမျိုးမှာ နေတာက သူ့အတွက် အရမ်းကောင်းကျိုးဖြစ်စေတယ်။

တစ်ချိန်တည်းမှာပဲသူက ဘယ်လိုမိသားစုမျိုးက ဒီမှာနေတာလဲဆိုတာကို အရမ်းသိချင်သွားတယ်။

အတိတ်မှာတုန်းက သူကရွှေရောင်အလင်းတန်းတွေနဲ့ ကာကွယ်ပေးခြင်းခံရတဲ့အိမ်တွေမှာ နေရတဲ့ မိသားစုတွေကို တွေ့ခဲ့ဖူးတယ်။ သူတို့ကအများအားဖြင့် တော်ဝင်မျိုးနွယ်တွေနဲ့ အမိမြေကိုကာကွယ်ပေးရတဲ့ ဗိုလ်ချုပ်မျိုးနွယ်တွေပဲဖြစ်တယ်။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာတော့ ကမ္ဘာကြီးက ငြိမ်းချမ်းနေတယ်လို့ ထင်ရတာပဲ။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now