Chapter(50):အမေနဲ့အတူ ဈေးဝယ်ထွက်ခြင်း

4.4K 922 5
                                    

Zawgyi

ယွီဂျင်လီက သူတစ်ခုခုကို လွတ်ထွက်သွားပြီဆိုတာကို မရိပ်မိခဲ့ပါဘူး။ အပေါ်ထပ်မှာ သားအမိနှစ်ယောက်သား ဘာအကြောင်းတွေ ပြောနေကြသလဲဆိုတာကိုလည်း
မတွေးမိခဲ့ပါဘူး။ ဒီနေ့ရဲ့ live stream မှာရလိုက်တဲ့ ယုံကြည်မှုစွမ်းအားတွေကြောင့် သူကဂုဏ်ယူပျော်ရွှင်နေမိတယ်။

Live stream မှာ ယုံကြည်မှုစွမ်းအားတွေအများကြီး ရလိုက်လိမ့်မယ်လို့ သူမမျှော်လင့်ထားမိဘူး။  သူကအရမ်းစွမ်းအားကြီးတာပဲ။ စစချင်းမှာတင် ဒီလိုကောင်းမွန်တဲ့နည်းလမ်းမျိုးကို ရှာတွေ့လိုက်တယ်။ နောက်ဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်တွေကို ပိုပြီးမြန်မြန်ပြန်ရလာတော့မယ်ဆိုတဲ့ သဘောလား?

ယွီဂျင်လီက အနာဂတ်မှာ သူ့ရဲ့ကျင့်ကြံဆင့်တွေကို ပြန်လည်ရရှိပြီးတော့ သူဘယ်သူ့ကိုမှ ထပ်ပြီးကြောက်စရာမလိုတော့တဲ့မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်မိတယ်။

လူသားကမ္ဘာမှာ နေထိုင်နေပေမဲ့လည်း မှော်စွမ်းအားတွေကို လူသားမျိုးနွယ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုလို့မရပါဘူး။ ဒါပေမဲ့ မင်းဘာသာမင်း ကျင့်ကြံနိုင်တယ်ဆိုရင်တော့ အဲ့ဒါကလူသားတွေကို မဟုတ်ဘူး... မကောင်းဆိုးဝါးတွေကို ပိုပြီးစွမ်းအားရှိအောင် ပြုလုပ်ပေးနိုင်တယ်။

နောက်တစ်နေ့မနက်ခင်းစောစောတွင် ယွီဂျင်လီက ညနေခင်းမှာလွှင့်မဲ့ live stream အကြောင်းကို စတင်တွေး တောနေမိတယ်။ သူယုံကြည်မှုစွမ်းအားတွေကို ရတဲ့အချိန်တုန်းက အဲ့ဒါကအရမ်းအံ့သြဖို့ကောင်းတာပဲ။ သူဒီလိုခံစားချက်မျိုးကို မခံစားရတာ အချိန်အကြာကြီးရှိခဲ့ပြီ။

သူမနက်စာစားဖို့ အောက်ထပ်ကိုဆင်းလာတဲ့အချိန်မှာ ရှောင်မုလန်နဲ့ကျန်းဇန်ထောင်တို့က  ညစာစားစားပွဲမှာ ရယ်မောရင်း သူ့ကိုထိုင်စောင့်နေကြတာကို တွေ့လိုက်ရတယ်။ ယွီဂျင်လီမနေ့ကပြောခဲ့တဲ့ အကြောင်းအရာတွေကို ချက်ချင်းပြန်တွေးလိုက်မိပြီး ဒီနေ့မှာသူ ကျန်းမော့ရှန်းကို သွားကုသပေးရမယ်ဆိုတာကို သတိရလိုက်တယ်။

ကျန်းမော့ရှန်းကိုကုသပေးတာက တစ်ဖက်လူကို
သူ့ရဲ့စိတ်စွမ်းအင်စွမ်းအား ပမာဏအများကြီးကို ပို့ပေးရမယ်လို့ ဆိုလိုတာပဲ။ ဒါပေမဲ့ယွီဂျင်လီစိတ်ညစ်တယ်လို့ မခံစားရပါဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now