Chapter(33):ဖြေဆေးရှာခြင်း ဖြေဆေးရှာခြင်း

4.4K 943 10
                                    

Zawgyi

ဒါပေမယ့် အဲ့ဒါဘာလုပ်ရမှာလဲ? ယုံကြည်မှုစွမ်းအားတွေအကုန်လုံးက ရွှေရောင်ပေါင်လုံးကြီးဆီကို လာကြတာလေ။ အဲ့ဒါကသူနှင့် ဘာမှမဆိုင်ဘူး။ တကယ်လို့သူက စိတ်နှလုံးပူဆွေးနေတယ်ဆိုရင်တောင်မှ သူသူ့ကို စိုက်ကြည့်နေရုံပဲ့တတ်နိုင်တယ်။ သူအဲ့ဒါကို မစုပ်ယူနိုင်သလို သူ့အတွက်လည်း အသုံးမပြုနိုင်ဘူး။

ဒါပေမယ့် ယုံကြည်မှုတွေအများကြီး ပျောက်ကွယ်နေတာကို ​စောင့်ကြည့်နေရတာက တစ်စုံတစ်ယောက်က သူ့အရေပြားကို ခြစ်ချနေသလိုမျိုး ယွီဂျင်လီခံစားရတယ်!

ယုံကြည်မှုစွမ်းအားတွေကို အသုံးပြုနိုင်မယ်ဆိုရင် ကောင်းလိမ့်မယ်။ ဒါပေမယ့် ယုံကြည်မှုစွမ်းအားတွေက သတ်မှတ်ထားတဲ့ လူတစ်ယောက်အတွက်ပဲ့ အသုံးပြုလို့ရပြီးတော့ ကျန်တဲ့လူတွေအသုံးပြုလို့မရဘူး။

တကယ်လို့အားရှန်းသာ လေ့ကျင့်နိုင်မယ်ဆိုရင် ယုံကြည်မှုစွမ်းအားတွေလည်း အလဟဿမဖြစ်တော့ဘူးလို့ ယွီဂျင်လီက စိတ်အားငယ်စွာတွေးလိုက်မိတယ်။

သူ့စိတ်ထဲမှာ အဲ့အတွေးပေါ်လာတာနှင့်ချက်ချင်း သူတစ်စုံတစ်ခုကို ထပ်ဖြည့်တွေးကြည့်လိုက်တယ်။ ရုတ်တရက်ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားတယ်။

ဟုတ်တယ်။ ရွှေရောင်ပေါင်လုံးကြီးက မကောင်းဆိုးဝါးဖြစ်နေကတည်းက သူလည်းကျင့်ကြံနိုင်မှာပဲ့လေ။ သူဘာလို့ဒါကိုမတွေးမိတာလဲ။ ဒီနည်းနှင့် ယုံကြည်မှုစွမ်းအားတွေက အလဟဿဖြစ်တော့မှာမဟုတ်ဘူး။ သူရဲ့ရောဂါအားလုံးကိုပျော်ကင်းစေနိုင်တဲ့
အတွင်းဆေးလုံးကိုလည်း ပြန်ပြုပြင်နိုင်လိမ့်မယ်။
ပြီးတော့ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်ကိုလည်း အလိုအလျောက်ဖယ်ထုတ်နိုင်လိမ့်မယ်။ အဲ့ဒါက သူ့ရဲ့ကျင့်ကြံဆင့်တွေကို ပြန်လည်ရရှိပြီးမှ သူ့ကိုအဆိပ်ဖြေပေးတာထက် ပိုမြန်တယ်။ ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်စိတ်စွမ်းအင်စွမ်းအားတွေကို အသုံးပြုပြီး သူ့ကိုပေးဖို့မလိုအပ်တော့ဘူးလေ... သူ့ကိုကုသမှုပေးဖို့။

မင်းတို့သိတဲ့အတိုင်းပဲ။ စိတ်စွမ်းအင်စွမ်းအားကို နေ့တိုင်းစုပ်ယူဖို့က မလွယ်ကူဘူးလေ။ ရလဒ်အနှေင့်က ကျန်းမော့ရှန်းကိုကုသပေးဖို့ အဲ့ဒါတွေအကုန်လုံးကို အသုံးပြုလိုက်ရတယ်လေ။ သူ့ရဲ့အရင်ဘဝက ကျင့်ကြံဆင့်တွေကို သူဘယ်အချိန်ကျမှပြန်ရမှာလဲ?

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now