Chapter(37):တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းရှာဖွေခြင်း

4.4K 899 7
                                    

Zawgyi

ကျန်းမော့ရှန်းကျင့်ကြံနေတာကို စောင့်ကြည့်နေရင်း 
ဖြစ်စဉ်ကအရမ်းမြန်တယ်ဆိုတာကို မြင်တော့ ယွီဂျင်လီလည်း တရွရွဖြစ်လာတယ်။

သူယုံကြည်မှုစွမ်းအားတွေကို ဒီထက်ပိုများများ မြန်နိုင်သလောက်မြန်မြန် စုဆောင်းမှရမယ်။ မဟုတ်ရင် ဆရာရဲ့ကျင့်ကြံဆင့်က တပည့်လက်အောက်မှာ ဖိနှိပ်ခံနေရရင် သူ့မှာပြစရာမျက်နှာရှိတော့မှာ မဟုတ်ဘူး။

ဒါပေမဲ့ယွီဂျင်လီက လူတိုင်းလူတိုင်းသူ့ကိုကြိုက်လာအောင် သူဘာလုပ်ရမလဲဆိုတာကို ရှာမတွေ့ဘူး ဖြစ်နေတယ်။

ဒီကမ္ဘာမှာနာမည်ကြီးတဲ့လူတွေ အမြောက်အမြားရှိတယ်။ သူတို့ရဲ့ကြီးမြတ်တဲ့ အောက်မြင်ကျော်ကြားမှုတွေကြောင့် လူတိုင်းချစ်ခင်ကြတဲ့ ကျန်းမော့ရှန်းလိုမျိုး နိုင်ငံတော်ဟီးရိုးတွေလည်း ရှိတယ်။ သေချာတာပေါ့။ ကျန်းမော့ရှန်းလိုမျိုး အောင်မြင်ကျော်ကြားမှုမြင့်တဲ့လူတွေက အနည်းငယ်လောက်ပဲရှိတယ်။ တကယ်လို့ သူတို့တွေက လူသိများတဲ့ကြယ်ပွင့်ဆယ်လီလေးတွေ ဆိုရင်တောင်မှ သူတို့ရဲ့ဖန်အရေအတွက်က ကျန်းမော့ရှန်းလောက်တောင် မများနိုင်ဘူး။

အဲ့ဒါကြောင့် ကျန်းမော့ရှန်းက သေချာပေါက်ကို တစ်ယောက်တည်းသောသူပဲ။ သူ့မှာ ကြီးကျယ်မြင့်မြတ်တဲ့အောင်မြင်ကျော်ကြားမှုတွေ ရှိရုံတင်မကပဲနှင့် ခန့်ညားတဲ့မျက်နှာလည်းရှိသေးတယ်။ ကြယ်ပွင့်ဆယ်လီတွေနှင့် နှိုင်းယှဉ်လိုက်ရင်တောင်မှ ကျန်းမော့ရှန်းက အောက်မကျဘူး။ အနည်းငယ်တောင် ပိုကြည့်ကောင်းနေသေးတယ်။

တကယ်လို့သူသာ ဖျော်ဖြေရေးကဏ္ဍထဲကို ဝင်ဖို့ လိုလားမယ်ဆိုရင် ကျန်တဲ့ကြယ်ပွင့်ဆယ်လီတွေအတွက် နေရာတောင်ရှိတော့မှာ မဟုတ်ဘူး။

ကြယ်ပွင့်တစ်ယောက်ဖြစ်ရတာကလည်း လူတွေအများကြီးကကြိုက်ကြပြီး ဖန်တွေအများကြီးရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာတစ်ခုပဲ။ ယုံကြည်မှုတွေရဖို့ အဲ့ဒါကသေချာပေါက်ကို အရမ်းမြန်တယ်။ ဒါပေမဲ့ယွီဂျင်လီက သီချင်းမဆိုတတ်သလို ကလည်းမကတတ်ဘူး။ သရုပ်လည်းမဆောင်တတ်ဘူးဆိုတာကို သူသိတယ်။
ကြယ်ပွင့်တွေနှင့်နှိုင်းယှဉ်ဖို့က သူ့မှာမျက်နှာတစ်ခုတည်းပဲ ရှိတယ်။ အဲ့ဒါကြောင့်
သူဖျော်ဖြေရေးကဏ္ဍထဲကိုဝင်ရင် သူဘာလုပ်နိုင်မှာလဲ? သူအလှပန်းအိုးတစ်လုံး ဖြစ်လာမှာလား?

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now