Chapter(39):ကျွန်တော် Live Streamer တစ်ယောက် ဖြစ်ချင်တယ်။

4.2K 882 2
                                    

Zawgyi

ဒါပေမဲ့ ကျန့်ရှန်းတိုက်ရိုက်ထုတ်လွှင့်မှုကွန်ရက်က ကျန့်ဟုန်လျန်းပိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို
သူသိနေရင်တောင်မှပဲ သူတွေ့လိုက်ရတဲ့ သတင်းတွေကြောင့် သူဘာမှမတတ်နိုင်တော့ဘူး။

ပြီးတော့ သည်းမခံနိုင်စရာကောင်းတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ အဲ့ဒါက ကျန့်ဟုန်လျန်းကလျိုရှင်းယွမ့်ကို သီးသန့်မက်ဆေ့ခ်ျ ပို့လိုက်တာပဲ။ ယဉ်ကျေးတဲ့အသုံးအနှုန်းတွေကို သုံးထားပေမဲ့လည်း စကားလုံးတွေအားလုံးက သူ့ကိုလှောင်ပြောင်နေတယ်။ အဲ့ဒါက တဖက်လူနှင့် အမြဲတမ်းပြိုင်ဆိုင်နေတဲ့ လျိုရှင်းယွမ့်ကို ပိုပြီးခံရခက်အောင် လုပ်လိုက်တာပဲ။ သူဘယ်လိုလုပ် ဒေါသမထွက်ပဲနေမလဲ?

အဲ့ဒါက live network လေးပဲ မဟုတ်ဘူးလား? သူတို့တွေက ကျန့်ဟုန်လျန်းကို အနိုင်ရအောင် လုပ်ပေးတာဆိုတော့ သူကလည်းသူ့ထက် ပိုကောင်းတာတစ်ခုကို လုပ်ပြမယ်။ သူသူ့ကိုသေတဲ့အထိ အပေါ်ကို လုံးဝပြန်မတက်လာနိုင်အောင် ဖိနှိပ်ပြမယ်!

အဲ့လိုနဲ့ Star Live Network ဆိုပြီး ပေါ်လာတော့တာပဲ။

"ဘော့စ် ပထမဆုံးနေ့ကတည်းက ဒီလိုမျိုးရလဒ်ထွက်လာတာက အရမ်းကိုကောင်းနေပါပြီ။ အနာဂတ်မှာ ပိုပိုပြီးကောင်းလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့စိတ်အေးအေးထားဖို့ပဲ လိုအပ်တာပါ။" တုရော့ဘိုင်က ချွေးသိပ်လိုက်တယ်။

ကျန့်ရှန်းက တည်ထောင်ထားတာ ငါးနှစ်ရှိပြီ။ မှတ်ပုံတင်ထားတဲ့ လူအရေအတွက်ကလည်း သန်းပေါင်းများစွာထက် ပိုနေလောက်ပြီ။ Streamer အရေအတွက်ကိုယ်တိုင်က ၁၀၀မီလီယံနီးပါးရှိတယ်။ သူတို့ကအခုမှ စတင်တုန်းပဲရှိသေးတာဆိုတော့ အဲ့ဒါနဲ့လိုက်ယှဉ်ပြိုင်ဖို့ဆိုတာ သူတို့အတွက်မဖြစ်နိုင်ဘူး။

သို့သော်လည်း သူအဲ့ဒါကို သူ့ရဲ့ဘော့စ်ကို တိုက်ရိုက်မပြောရဲဘူး။ မဟုတ်ရင် ဘော့စ်ကသူ့ကို ပိုပြီးဒေါသထွက်လာလိမ့်မယ်။

ဒါတွေကိုပြီးဆုံးသွားစေဖို့ ဖန်တွေအများကြီးကို ဆွဲဆောင်နိုင်တဲ့ နတ်ဘုရားလိုမျိုး Streamer တစ်ယောက်ကို သူတို့ဝက်ဖ်ဆိုက်က ဖြစ်နိုင်ရင် ချက်ချင်းခေါ်လာနိုင်ပါစေလို့ သူမျှော်လင့်မိတယ်။
ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဝက်ဖ်ဆိုက်တွေက အများကြီးရှိတာဆိုတော့ အလျှော့မပေးဘဲ တင်းခံနေဖို့ဆိုတာက ထင်သလောက်မလွယ်ကူဘူး။
အခုလက်ရှိမှာတော့ ဘော့စ်က သူ့ရဲ့ဆိုးဝါးလှတဲ့ စိတ်အခြေအနေနဲ့နေဖို့ လိုအပ်နေတာ ဖြစ်နိုင်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now