Chapter(25):အလွန်အမင်းမျှော်လင့်ထားခြင်း

4.4K 978 3
                                    

Zawgyi

"မိန်းမပျိုငယ်လေး ကျွန်တော်တို့အတွက်ကရော? ကျွန်တော်တို့ကရော ဘာလုပ်ပေးရမလဲ?" နောက်ထပ်စားဖိုမှူးနှစ်ယောက်ဖြစ်တဲ့ ဇောင်ဖေးနှင့်ချီလိုင်တို့က အလျင်အမြန်မေးလိုက်တယ်။

ယွီဂျင်လီကယောက်ျားနှစ်ယောက်ကိုကြည့်ပြီးတော့ သူ့ဘေးပတ်ပတ်လည်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်တယ်။ ပြီးတော့ သူပြောလိုက်တယ်။ "ဒါမှမဟုတ်ရင် ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်အတွက် အာလူးချောင်းတွေ လှီးပေးနိုင်တယ်။"

စားဖိုမှူးတစ်ယောက်အနေနှင့် အစားအသောက်ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်သင့်တယ်။ တကယ်လို့ တစ်ယောက်ယောက်က အစားအသောက်ပစ္စည်း ကိုင်တွယ်ရာမှာ ကူညီပေးမယ်ဆိုရင် အချိန်တိုတိုနှင့် ပြီးမြန်မှာမို့လို့ အကျိုးရှိလိမ့်မယ်။

ဒါပေမယ့်ယွီဂျင်လီက ဒီကမ္ဘာရဲ့စားဖိုမှူးတွေရဲ့ စွမ်းရည်ကို သိသိသာသာကို အလွန်အမင်းမျှော်လင့်မိတာပဲ့။ ဘာဖြစ်လို့လဲဆိုတော့ စီနီယာစားဖိုမှူးနှစ်ယောက် လှီးထားတဲ့အာလူးချောင်းတွေက ကလေးတစ်ယောက်ရဲ့ လက်ချောင်းထက်တောင် ပိုထူနေလို့ပဲ့။ ပြီးတော့ ကမ္ဘာပေါ်ကအခုမှ အချက်အပြုတ်စသင်တဲ့လူတွေထက်တောင် ပိုဆိုးနေသေးတယ်။

ယွီဂျင်လီ:...

ဒီကမ္ဘာပေါ်မှာရှိတဲ့လူတွေက တစ်အားတုံးကြတာပဲ့။

"ဒါကိုမေ့လိုက်တော့။ ကျွန်တော့အတွက် အသီးအရွက်တွေကူရွေးပေးနိုင်တယ်။ တကယ်လို့ ဒါကိုလုပ်ချင်တယ်ဆိုရင် မှားအောင်မလုပ်နဲ့။" ယွီဂျင်လီကတွန့်ဆုတ်တွန့်ဆုတ်နှင့် စားဖိုမှူးနှစ်ယောက်ကို တစ်ခြားတာဝန်တစ်ခု ပေးလိုက်တယ်။ ပြီးနောက်သူက မွစာကြဲနေတဲ့ အာလူးတွေကို စတင်လှီးတော့တယ်။

ခန္ဓာကိုယ်အပြောင်းအလဲကြောင့်ဖြစ်မယ်ထင်တယ်။ မူလခန္ဓာကိုယ်ကအရမ်းအားနည်းနေလို့ ဒါမှမဟုတ်
ယွီဂျင်လီက အချိန်အကြာကြီး သူ့ဘာသာသူ တစ်ယောက်တည်း အလုပ်မလုပ်ခဲ့ရလို့ထင်တယ်။ အာလူးလှီးတဲ့ပုံစံက နည်းနည်းထူးဆန်းနေတယ်။ ဒါပေမယ့် ဇန်ဖေချီတို့စားဖိုမှူးသုံးယောက်ရဲ့ မျက်လုံးထဲမှာတော့ မိန်းမပျိုငယ်လေးရဲ့ ဓားကိုင်ပုံက ထိပ်တန်းပဲ့။ ဒီလိုမျိုး "ဒေါင် ဒေါင် ဒေါင်" အချိန်အနည်းငယ်ကြာတော့ အာလူးကြီးကနေ ပါးလွှာတဲ့အမျှင်လေးတွေအဖြစ် ပြောင်းသွားတယ်။ ရိုးရှင်းစွာနှင့်ပဲ့ သူတို့သိထားတဲ့ လူတွေရဲ့လုပ်နိုင်စွမ်းကို ကျော်လွန်နေတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Onde as histórias ganham vida. Descobre agora