Chapter(9):မှန်ကန်တဲ့ ရွှေရောင်ပေါင်လုံးကို ရွေးချယ်ခြင်း

4.7K 1K 6
                                    


Zawgyi

နောက်ဆုံးမှာတော့ ယွီဂျင်လီက
သူ့ရဲ့ရွှေရောင်ပေါင်လုံးကို အရင်စိတ်ပျော်အောင်လုပ်ပေးဖို့
ဆုံးဖြတ်လိုက်တယ်။ အဆုံးသတ်ရရင် သူဒီမှာနေသမျှကာလပတ်လုံး အနာဂတ်မှာ သူအရသာရှိတဲ့အစားအစာတွေကို မစားရမှာကို ကြောက်စရာလိုနေသေးလို့လား?

ထပ်ပြောရရင် သူ့မှာအခု ရွှေရောင်ပေါင်လုံးကြီးရဲ့ ခံစားချက်ကောင်းလေးကိုရရှိဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးရှိနေတယ်။

"အစ်မ စားစရာမရသေးဘူးမလား။ ဒါမှမဟုတ် ကျွန်တော်တို့အထဲဝင်ပြီး သူ့ကိုပေးလိုက်ရအောင်။" ယွီဂျင်လီရှောင်မုလန်ကို အပြုံးလေးနဲ့
ပြောလိုက်တယ်။

ဆရာတူအစ်ကိုကြီး တစ်ခါတုန်းက ပြောဖူးတယ်။ လှပတဲ့အမျိုးသမီး​တွေကို အစ်မလို့ခေါ်တာ
မှန်တယ်တဲ့။ သူတို့အကုန်လုံး ကြိုက်ကြတယ်တဲ့။

ရှောင်မုလန်က သူ့ကို
ယွီဂျင်လီခေါ်လိုက်တာနဲ့ပတ်သက်ပြီး ရှော့ခ်ရသွားတယ်။ သူမမူးဝေသွားတယ်။ သူမအခုလေးတင် သတိရလိုက်တာက
သူ့ကိုသူမကိုယ်သူမ မိတ်မဆက်ပေးရသေးဘူးဆိုတာကိုပဲ။ ပြီးတော့သူမက အဲ့ဒါနဲ့ပတ်သက်ပြီး နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်နေတယ်။ သူမက ပြောလိုက်တယ်။ "ရှောင်လီ ငါတို့ကအခုဆိုရင် မိသားစုတွေ ဖြစ်သွားပြီ။ မင်းငါ့ကို အမေလို့တိုက်ရိုက်ခေါ်နိုင်တယ်။ ဒါမှမဟုတ် မင်းအားရှန်းကို လက်ထပ်ပြီးသွားတဲ့အချိန်ကျမှ မင်းရဲ့ခေါ်ပုံခေါ်နည်းတွေကို ပြောင်းနိုင်တယ်။"

ရှောင်မုလန်ကယွီဂျင်လီကို
တည့်တည့်ကြည့်ပြီးတော့ ပြောလိုက်တယ်။

ယွီဂျင်လီက တစ်စုံတစ်ခုကို စဉ်းစားနေတဲ့အတွက် သူခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်တယ်။
နောက်စက္ကန့်အကြာမှာပဲ သူကချိုသာတဲ့အပြုံးလေးကို ဆင်မြန်းပြီးတော့ ငိုသံပါလေးနဲ့ "အမေ" လို့ခေါ်လိုက်တယ်။

အမေ? သူ့အတွက် ဒီနာမည်ကိုခေါ်တာ
ပထမဆုံးအကြိမ်ပဲ။ အရင်တုန်းက လမ်းမှာကလေးတွေက သူတို့ရဲ့မိဘတွေကို ခေါ်နေကြတာကို မကြာခဏတွေ့ဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့မိဘတွေက ဘယ်သူတွေလဲ?

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now