Chapter(40):ကျွန်တော်က koi ငါးလေးပါ။

4.2K 914 13
                                    

Zawgyi

ယွီဂျင်လီကို streamer မလုပ်ဖို့ ဖျောင်းဖျတော့မယ့်
ကျန်းမော့ရှန်းက ယွီဂျင်လီရဲ့စကားလုံးတွေကို
ကြားပြီးနောက် ရုတ်တရက် တစ်ဖက်လူရဲ့လက်ရှိအခြေအနေကို တွေးလိုက်မိတယ်။

သူတို့ကကျင့်ကြံဖို့ ယုံကြည်မှုစွမ်းအားတွေအပေါ်မှာ
မှီခိုနေရတယ်။ ဒီနည်းလမ်းကို သူဘယ်လိုမျိုးရလာသလဲဆိုတာကို သူမသိပေမဲ့လည်း အဲ့ဒါက ကောင်ငယ်လေးရဲ့ လျို့ဝှက်ချက်ဖြစ်နေကတည်းက သူချောင်းမကြည့်ပါဘူး။

ပြီးတော့ ယုံကြည်မှုစွမ်းအားတွေကို ဖန်တွေဆီကနေ ရယူရတာဖြစ်တယ်။ ကောင်ငယ်လေးက streamer တစ်ယောက်လုပ်ဖို့ ရည်ရွယ်နေတာ မထူးဆန်းပါဘူး။ ဒါကအမှန်တကယ်ကို ဖန်တွေကို လွယ်လွယ်ကူကူရနိုင်တဲ့ နည်းလမ်းပဲလေ။ 

ဒီလိုမျိုးနဲ့ပဲ ကျန်းမော့ရှန်းက ယွီဂျင်လီ streamer
တစ်ယောက်ဖြစ်လာတာကနေ တားဖို့ အကြောင်းပြချက်မရှိပါဘူး။

ဒါပေမဲ့ သူ့ရဲ့ကောင်ငယ်လေးရဲ့မျက်နှာကို ပြည်ထောင်စုတစ်ခုလုံးရဲ့ရှေ့မှာပြပြီး လူတိုင်းကလည်း
ကောင်ငယ်လေးရဲ့မျက်နှာကိုမြင်ပြီး ကောင်ငယ်လေးကို
ကြိုက်ကြတော့မယ်ဆိုတာကို သူတွေးမိလိုက်တဲ့အချိန်မှာ သူမတတ်နိုင်ပဲနဲ့ စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရတယ်။

"သစ်အယ်သီးလေးက ဘာကို live streaming လုပ်မှာလဲ?" ကျန်းမော့ရှန်းက မေးလိုက်တယ်။

သူ့အမေကကောင်ငယ်လေးကို ရှောင်လီလို့ခေါ်တာကို
သူအရင်တုန်းက ကြားဖူးတယ်။ သူ့ရဲ့ nickname လေးက ချစ်ဖို့ကောင်းတယ်ဆိုတာကို တွေးမိတော့ သူလည်းအဲ့အတိုင်း အရှက်မရှိ လိုက်ခေါ်လိုက်တယ်။

"ချက်ပြုတ်တာကို live stream လုပ်မှာ။ ကျွန်တော်ရှာတွေ့လိုက်တာက ဒီမှာရှိတဲ့လူတွေဘယ်သူ့မှ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို မသိကြဘူး။ နေ့တိုင်း ခင်ဗျားက အာဟာရဓာတ်စာ ဒါမှမဟုတ် ပြုတ်ထားတဲ့အစားအစာတွေကိုပဲ စားနေရတယ်လေ။ အဲ့ဒါက သနားစရာကောင်းတယ်။ ခင်ဗျားက အရသာရှိတဲ့
အစားအစာတွေအများကြီးကို မစားနိုင်ဘူးလေ။"
ဒီမှာရှိတဲ့စားစရာရဲ့ လက်ရှိအခြေအနေကိုတွေးမိတော့
ယွီဂျင်လီကမတတ်နိုင်ပဲ ဒီကမ္ဘာပေါ်မှာရှိတဲ့လူတွေကို သနားဂရုဏာသက်သွားမိတယ်။ သူစကားပြောနေတဲ့အချိန်မှာ သူ့နောက်ခံကို ဖော်ပြမိတော့မလို ဖြစ်သွားတယ်ဆိုတာကို သူ့ကိုယ်သူသတိမထားလိုက်မိဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now