Chapter(60):အမှန်တကယ်ကို သက်သာလာပြီ။-2

4.5K 887 10
                                    

Zawgyi

"အားချန် အားရှန်းရဲ့အနေအထားက ထူးခြားတယ်။ သူအပြည့်အဝ ပြန်လည်မကောင်းမွန်လာခင်အထိ သူ့ရဲ့အခြေအနေအကြောင်း ငါဘယ်သူ့ကိုမှ မသိစေချင်ဘူး။" သူ့ဇနီးကိုနှစ်သိမ့်ပေးနေရင်း ကျန်းဇန်ထောင်က ရှန်ချန်ကိုပြောလိုက်တယ်။

"ကျွန်တော်ဒါကို နားလည်ပါတယ်။ အန်ကယ်ကျန်း" ရှန်ချန်က အလေးအနက်ထားပြောလိုက်တယ်။

သူကဆရာဝန်တစ်ယောက်ဖြစ်ပြီး စစ်တပ်ထဲကလူတစ်ယောက် မဟုတ်ပေမဲ့လည်း သူ့မိသားစုကကျန်းမိသားစုနဲ့ မျိုးဆက်ပေါင်းများစွာ ကောင်းမွန်တဲ့အချိန်ကာလတွေရှိခဲ့တယ်။ သူ့အဖေနဲ့အကိုနှစ်ယောက်စလုံးက စစ်တပ်ထဲကဖြစ်တာကြောင့် ဌာနချုပ်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို သူကြားပြီးပြီဖြစ်တယ်။ အင်အားအများကြီးက ကျန်းမိသားစုကိုဆွဲချဖို့ အဆင်သင့်ဖြစ်နေကြပြီဆိုတာကိုလည်း သူသိတယ်။

ကုသရေးသေတ္တာထဲမှာ လှဲလျောင်းနေတဲ့ကျန်းမော့ရှန်းကို လှည့်ကြည့်ရင်း ရှန်ချန်ရဲ့မျက်နှာထက်မှာ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာတယ်။

အားရှန်းကို ကျန်းကျန်းမာမာနဲ့ ထပ်မြင်ရတဲ့အချိန်ကျရင် အဲ့ဒီလူတွေရဲ့မျက်နှာအမူအရာတွေက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကို သူသိချင်မိတယ်? အဲ့ဒါက ပျော်စရာကောင်းမှာပဲ။ ဟုတ်တယ်မလား?

သူစစ်တပ်ထဲမှာ အလုပ်လုပ်နေတာမဟုတ်တာက နှမြောစရာကောင်းတာပဲ။ အဲ့ဒီလူတွေရဲ့ပထမဆုံးတုံ့ပြန်မှုတွေကို မမြင်ရတော့ဘူးပေါ့။

စစ်ဆေးမှုပြီးသွားတဲ့အချိန်ကျမှ ရှန်ချန်ကနောက်ဆုံးမှာတော့ ပစ္စည်းကိရိယာတွေအားလုံးကို သိချင်စိတ်ပြင်းပြစွာ စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်နေတဲ့ ယွီဂျင်လီကို သတိပြုမိသွားတော့တယ်။

အားရှန်းနဲ့စေ့စပ်ထားတဲ့လူကို အန်တီရှောင်က ခေါ်ဆောင်လာခဲ့တယ်ဆိုတာကို သူကြားမိတယ်။ ပြီးတော့သူတို့နှစ်ယောက်သားကို လက်ထပ်ပေးဖို့စီစဉ်နေတယ်တဲ့။ အဲ့ဒါကြောင့် သူ့အရှေ့မှာရှိတဲ့ဒီကောင်လေးက အားရှန်းနဲ့ငယ်ငယ်လေးကတည်းက စေ့စပ်ထားခံခဲ့ရတဲ့ အားရှန်းရဲ့သတို့သားလောင်းပဲဖြစ်ရမယ်?

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Kde žijí příběhy. Začni objevovat