Chapter(56):မေ့လျော့ခံလူသား မေ့လျော့ခံလူသား

4.1K 836 4
                                    

Zawgyi

သို့သော်လည်း လျိုရှင်းယွမ့်က မကြာသေးခင်ကမှ ကျန့်ဟုန်လျန်းကြောင့် စိတ်မချမ်းသာဖြစ်နေတာဖြစ်တယ်။ သူကနေ့တိုင်း မြေကြီးနဲ့မထိလောက်အောင်ကို အရမ်းအလုပ်များနေခဲ့တယ်။ သူက ယွီဂျင်လီရဲ့ live stream ကိုကြည့်ဖို့ အချိန်ယူခဲ့ရပေမဲ့လည်း သူအဲ့ထဲမှာ အရမ်းစိတ်ဝင်စားသွားတယ်။ တစ်ဖက်လူက ညနေကျရင် live stream လွှင့်မယ်ဆိုတာကို ကြားလိုက်ရတော့ သူလူကိုယ်တိုင် စောင့်ကြည့်တော့တယ်။

သို့သော်လည်း သူကအရမ်းအလုပ်များနေတာမို့ သူအားတဲ့အချိန်ကျတော့ ယွီဂျင်လီရဲ့ live stream က တစ်ဝက်လောက်ပြီးနေပြီဖြစ်တယ်။ အဲ့ဒါကြောင့်သူ live stream room ထဲကို ဝင်လိုက်တာနဲ့ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာ သူ live stream room အမှားကြီးထဲကို ဝင်လာခဲ့မိတာလားလို့ သူရုတ်တရက်တွေးလိုက်မိတယ်။

"ဘာဖြစ်နေကြတာလဲ?" လျိုရှင်းယွမ့်က နားမလည်နိုင်တာကြောင့် ကျန်းရှောင်ကျဲကိုမေးလိုက်တယ်။

သူက ယွီဂျင်လီရဲ့ကူးယူထားတဲ့ပထမဆုံး live stream ကို ကြည့်ပြီးပြီဆိုပေမဲ့ host ရဲ့ Live stream မျက်နှာပြင်ကိုသာ ကူးယူထားတာဖြစ်ပြီးတော့ ဖန်တွေဆီကနေပေးပို့လာတဲ့ မှတ်ချက်တွေကတော့ အဲ့အချိန်မှာဆိုရင် မပါဝင်ဘူးဖြစ်တယ်။ အဲ့ဒါကြောင့် လျိုရှင်းယွမ့်က koi ပွဲအကြောင်းကို မသိပါဘူး။

ကျန်းရှောင်ကျဲက အစကနေအဆုံးအထိ ကြည့်တာကြောင့် အဖြစ်အပျက်နဲ့ သက်ရောက်မှုအကြောင်းကို ကျိန်းသေပေါက်သိတာမို့ လျိုရှင်းယွမ့်ကို တစ်ခါတည်း​ပြောပြလိုက်တယ်။

လျိုရှင်းယွမ့်က ယွီဂျင်လီရဲ့ live stream ကို ဂရုတစိုက်စိုက်ကြည့်​နေပြီးတော့ တစ်ခါတစ်ရံကျရင်လည်း မှတ်ချက်တွေကို ရှာကြည့်လိုက်တယ်။

ပြောရမယ်ဆိုရင် ယွီဂျင်လီရဲ့အစားအသောက် live stream က အမှန်တကယ်ကို အွန်လိုင်းပေါ်မှာရှိသမျှ live stream website တွေကြားမှာ အဆန်းသစ်ဆုံး live stream အကြောင်းအရာပဲ ဖြစ်တယ်။ ပြီးတော့အဲ့ဒါက စိတ်ဝင်စားစရာအကောင်းဆုံးပဲ။ ဒါက သင့်တင့်လျောက်ပတ်စွာ အလုပ်လုပ်နေသရွေ့ ဒီ host အတွက် မကျော်ကြားအောင်လုပ်တာကမှ ပိုခက်ခဲအုံးမယ်။ ပိုပြီးခက်တဲ့အပိုင်းက ဒီ host က သူ့ရဲ့ကိုယ်ပိုင်ခေါင်းစဉ်နဲ့လာတာကိုပဲ။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now