Chapter(58):သူ့ကို အကောင်းဆုံး ဆက်ဆံပေးသောလူ

5.2K 928 13
                                    

Zawgyi

ယွီဂျင်လီအခုလေးတင် စုစည်းထားတဲ့သတ္တိတွေက ကျန်းမော့ရှန်းရဲ့ အကြည့်တစ်ချက်အောက်မှာ အစိတ်စိတ်အမြွှာမြွှာ ကျကွဲကုန်တယ်။ သို့သော်လည်း ရှစ်ဖူတစ်ယောက်အနေနဲ့ သူ့တပည့်ရဲ့အထင်အမြင်သေးခံရမှာကို မလိုလားဘူး။ သူသူ့ရဲ့ရင်ဘတ်လေးထဲကနေ လေတွေကို မှုတ်ထုတ်လိုက်ပြီးတော့ သူ့ရဲ့သတ္တိတွေကို ပြန်လည်စုစည်းလိုက်ပြီး သူမေးနေတဲ့အချိန်မှာ အလေးအနက်ထားနေတဲ့ အသံနေအသံထားတစ်ခုကို လုပ်ယူလိုက်တယ်။ "မင်းရဲ့ကျင့်ကြံရေး ဘယ်လိုအခြေအနေရှိပြီလဲ? မင်းရဲ့ဆရာရှစ်ဖူငါက ဒီနှစ်ရက်အတွင်းမှာ အလုပ်တွေရှုပ်နေတာ။ အဲ့ဒါကြောင့် ငါဒီကိုမလာဖြစ်ဘူး။ မင်းအဲ့ဒါကြောင့်နဲ့ ပျင်းရိနေလို့မဖြစ်ဘူး။ သိပြီလား?"

စကားပြောနေရင်းနဲ့ ယွီဂျင်လီက ကျန်းမော့ရှန်းကို တိတ်တဆိတ် တစ်ချက်ခိုးကြည့်လိုက်တယ်။

ကျန်းမော့ရှန်းက ဒါကိုသတိပြုမိပြီးတော့ ယွီဂျင်လီက အရမ်းချစ်စရာကောင်းနေတာမို့ သူသဘောတကျဖြစ်သွားတယ်။ သူ့ရဲ့အမူအရာက ပိုပြီးပျော့ပြောင်းလာပြီး ပိုပြီးသက်သောင့်သက်သာရှိလာတယ်။

"ဆရာ ရှစ်ဖူ သစ်အယ်သီးလေး ဒီတပည့်က ဒီနှစ်ရက်အတွင်းမှာ လုံ့လရှိရှိကျင့်ကြံနေပါတယ်။ ကိုယ့်ဘာသာကိုယ် လာစစ်ဆေးကြည့်ကြည့်ချင်လား?"  ကျန်းမော့ရှန်းက ကြုံတောင့်ကြုံခဲ လိုက်ပါကစားပေးလိုက်တယ်။ တကယ်လို့ရှောင်မုလန်သာ ဒါကိုမြင်ရင် သူမသားက တိတ်တဆိတ် ပြောင်းလဲသွားတာလားလို့ သူမထင်မှတ်သွားလိမ့်မယ်။

"သေချာတာပေါ့။" အရမ်းလုပ်ကိုင်နိုင်စွမ်းရှိတဲ့ ဆရာရှစ်ဖူတစ်ယောက်လိုမျိုး သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းထားလိုက်ပြီးတော့  ယွီဂျင်လီက ကျန်းမော့ရှန်းရဲ့အိပ်ရာဘေးကို အလျင်မလိုဟန်နဲ့ လမ်းလျှောက်လာပြီးနောက် သူ့ရဲ့လက်ချောင်းတွေကို ကျန်းမော့ရှန်းရဲ့လက်ကောက်ဝတ်ပေါ်မှာ ကျွမ်းကျင်မှုရှိရှိ နေရာချလိုက်တယ်။ စိတ်စွမ်းအင်စွမ်းအားလက္ခဏာတစ်ခုကို ကျန်းမော့ရှန်းရဲ့ခန္ဓာကိုယ်ထဲကို လမ်းကြောင်းပေးလိုက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Où les histoires vivent. Découvrez maintenant