Chapter(52):ရန်သူတွေရဲ့ လမ်းကြောင်းက အရမ်းကျဉ်းမြောင်းတာပဲ။-1

3.9K 874 7
                                    

Zawgyi

ရှောင်မုလန်က အသံကိုကြားလိုက်တာနဲ့ချက်ချင်း သူမရဲ့မူလက​ကောင်းမွန်နေတဲ့ စိတ်အခြေအနေလေးကလည်း ရုတ်တရက်ပျောက်ကွယ်သွားတယ်။ ပြီးတော့ သူမမျက်မှောင်ကြုပ်ပြီး အသံလာရာဆီကို ကြည့်လိုက်မိတယ်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ဦးက သူတို့ရှိရာဘက်ကို အတူတကွလျှောက်လာနေကြတယ်။ တစ်ဦးက ပြည်ထောင်စုအကြီးအကဲရဲ့ဇနီးဖြစ်ပြီးတော့
နောက်တစ်ဦးကတော့ ကျန်းမိသားစုနဲ့ဆက်ဆံရေးသိပ်မကောင်းတဲ့ ဝုမိသားစုခေါင်းဆောင်ရဲ့ဇနီးဖြစ်တယ်။

ဒီအချိန်မှာမစ္စဝုက မစ္စယွမ့်ရဲ့လက်မောင်းကို ခင်မင်ရင်းနှီးစွာ ကိုင်ထားတယ်။ မစ္စဝုကရှောင်မုလန်ကိုမြင်တော့ သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပေမဲ့လည်း အဲ့အပြုံးကဘယ်လိုလုပ်ပြီး လူတွေကိုစိတ်မသက်မသာ ဖြစ်စေတယ်လို့ ခံစားနေရပါလိမ့်။ မစ္စယွမ့်ရဲ့မျက်နှာပေါ်မှာတော့ ညင်သာပြီး သင့်တင့်လျောက်ပတ်တဲ့ အပြုံးတစ်ခုကို ဆင်မြန်းထားတယ်။

ဝုမိသားစုကကြယ်မြို့တော်မှာ ဒုတိယတန်းစားမိသားစုတစ်ခု ဖြစ်တယ်။ အကြီးအကဲမိသားစုကလွဲရင် ကြယ်မြို့တော်မှာ ပထမတန်းစားမိသားစုသုံးစုရှိတယ်။
တကယ်လို့မင်းက ပထမတန်းစားမိသားစုအဖြစ် အဆင့်မြင့်တက်ချင်တယ်ဆိုရင် ပထမတန်းစားမိသားစုတစ်ခုခုက ဖယ်ပေးမှ ဒါမှမဟုတ်ရင် မင်းမိသားစုရဲ့ခွန်အားက ပထမတန်းစားမိသားစုရဲ့ အခြေအနေအထိရောက်အောင် တိုးဝင်နိုင်မှ ပထမတန်းစားမိသားစုအဖြစ်
အဆင့်မြှင့်တင်နိုင်တာဖြစ်တယ်။

ဝုမိသားစုက ပထမတန်းစားမိသားစုပြီးရင် အကြီးဆုံးမိသားစုတစ်ခုဖြစ်တယ်။ ကျန်းမိသားစုလဲကျသွားတာနဲ့ ပထမတန်းစားမိသားစုအဆင့်ထဲကို ဝင်ရောက်ဖို့ အဖြစ်နိုင်ဆုံးမိသားစုက ဝုမိသားစုဖြစ်တယ်။

ထို့ကြောင့် အစကတည်းက ကျန်းမိသားစုနဲ့ ဆက်ဆံရေးသိပ်မကောင်းတဲ့ဝုမိသားစုက အခုပိုပြီးတော့တောင် ဆိုးဝါးလာတယ်။ သူတို့က ကျန်းမော့ရှန်းမကြာခင်သေဖို့ကို မျှော်လင့်နေကြတယ်။ ပြီးရင်ကျန်းမိသားစုက ပထမတန်းစားမိသားစုဆိုတဲ့နေရာကို သူတို့ကိုပေးရမှာဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now