Chapter(14):ဒါမင်းစားဖို့အတွက်

4.6K 992 4
                                    

Zawgyi

ပုံမှန်ဆိုရင် ရှောင်မုလန်က ကျန်းမော့ရှန်းကို ကိုယ်တိုင်ကိုယ်ကျ ထမင်းကျွေးတယ်။ ဒါပေမဲ့ ယွီဂျင်လီက ဒီတာဝန်ကိုယူလိုက်ကတည်းက သူတို့ရဲ့ဆက်ဆံရေး ပိုတိုးတက်လာဖို့အတွက် ရှောင်မုလန်က သူ့သားကို ထမင်းကျွေးဖို့အခွင့်အရေးကို ယွီဂျင်လီကို သဘာဝကျကျပေးလိုက်တယ်။

ယွီဂျင်လီက အဲ့ဒီအကြောင်းကိုမတွေးမိပါဘူး။ သူက အာဟာရဓာတ်စာနဲ့ရေကိုယူပြီး အပေါ်ထပ်ကို တက်သွားတယ်။

သူလည်းကျန်းမော့ရှန်းနဲ့နေရတာကို သဘောကျပါတယ်။ အဆုံးသတ်မှာတော့ တစ်ခြားတစ်ဖက်ကလူရဲ့ ရွှေရောင်အလင်းတန်းက တကယ့်အစစ်အမှန်အတိုင်းပဲ။ အဲ့လိုလူရဲ့ဘေးမှာနေရတာက သူ့အတွက် အရမ်းသက်တောင့်သက်သာဖြစ်သလို ခံစားရတယ်။ 

ဟုတ်တာပေါ့။ သူ့မျက်စိရှေ့မှာလာရှုပ်နေတဲ့ အနက်ရောင်မြူခိုးငွေ့တွေသာ ပျောက်ကွယ်သွားရင် ပိုကောင်းမှာပဲ။

ယွီဂျင်လီကကျန်းမော့ရှန်းရဲ့ အခန်းရှေ့ကိုလာပြီးတော့ အခန်းတံခါးကိုခေါက်လိုက်တယ်။ ပြီးတော့ သူတံခါးကို ဂရုတစိုက်ဖွင့်လိုက်တယ်။ ပထမဆုံးသူခေါင်းကို ပြူကြည့်ပြီးတော့ ဘေးပတ်လည်ကို မျက်လုံးရွဲကြီးတွေနဲ့ ကြည့်လိုက်တယ်။ အဲ့ဒါက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ ဟန်းစတားလေးနဲ့တူတယ်။ အစာမရှာခင် အနီးအနားမှာ အန္တရာယ်ရှိလားဆိုတာကို သေချာဂရုစိုက်လေ့လာနေသလိုပဲ။

ကျန်းမော့ရှန်းရဲ့အခန်းက အရမ်းကြီးတယ်။ ယွီဂျင်လီက အခန်းအလယ်မှာရှိတဲ့ ကြီးမားတဲ့ကုတင်ကို သူ့မျက်လုံးတွေနဲ့ ဟိုကြည့်သည်ကြည့်လုပ်လိုက်တယ်။ နောက်တော့ လူနှစ်ယောက်ရဲ့မျက်လုံးတွေက လေထဲမှာတွေ့ဆုံသွားတယ်။

ယွီဂျင်လီကကျန်းမော့ရှန်းကို တစ်ချက်ကြည့်ပြီးတော့ သူ့အကြည့်ကို အလျင်အမြန်ပြန်သိမ်းလိုက်တယ်။ သူ့ရဲ့ပန်းရောင်သမ်းနေတဲ့ပါးနှစ်ဖက်က နားလည်ရခက်စွာ ရှက်သွေးဖြာမှုနဲ့ ဖုံးလွှမ်းသွားတယ်။

ယွီဂျင်လီနတ်ဆိုးအနေနဲ့တုန်းက အလားအလာသိပ်မရှိဘူး။ သူက ခန့်ညားတဲ့ ယောက်ျားတစ်ယောက်ကိုမြင်ရင် ရှက်နေလိမ့်မယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now