Chapter(45):လျို့ဝှက်စွာ ဆုချီးမြှင့်ခြင်း

4K 929 18
                                    

Zawgyi

အဲ့ဒါကြောင့် အရင်တုန်းကထက် ပိုပြီးကျယ်လောင်တဲ့ အသိပေးချက်အသံက ထွက်ပေါ်လာတယ်။

[တင်းတောင်-I am a Yangtze River က streamer I am a koi fish ကို နှင်းဆီပန်း 9999 ပွင့် ပို့ပေးလိုက်ပါတယ်။]

[တင်းတောင်-I am a Yangtze River က I am a koi fish ရဲ့ first-class fan အဖြစ် အဆင့်မြင့်တက်သွားမှုအပေါ် ဂုဏ်ပြုပါတယ်။ ]

Star Live Network က ဖန်တွေကို streamer
တစ်ယောက်အပေါ်မှာ ခရစ်ဒစ်ဘယ်လောက်သုံးသလဲ ဆိုတဲ့အချက်အရ အဆင့်သတ်မှတ်ထားတာ ဖြစ်တယ်။

ဥပမာအားဖြင့်ဆိုရင် နှင်းဆီပန်းတစ်ပွင့်ရဲ့တန်ဖိုးက ခရစ်ဒစ်တန်ဖိုးအနည်းငယ်ကျသင့်ပြီးတော့ အဲ့ဒါက ဖန်တွေရဲ့အမှတ်တွေအနေနဲ့ အမှတ်တစ်မှတ်အဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်။ 

First-level ဖန်ဖြစ်ဖို့ဆိုရင် အမှတ်တစ်ထောင်ရှိဖို့
လိုအပ်တယ်။ Second-level ဖန်ဖြစ်ဖို့ဆိုရင် အမှတ်တစ်သောင်းရဖို့ လိုအပ်တယ်။ အဲ့လိုမျိုးပေါ့။ မင်းများများသုံးလေလေ မင်းရဲ့ဖန်levelကလည်း
အလိုအလျောက် မြင့်တက်လာလေလေဖြစ်တယ်။

ပြီးတော့ live stream ရဲ့ မျက်နှာပြင်ပေါ်မှာဆိုရင် ဖန်တွေရဲ့အသုံးပြုသူနာမည်တွေက ဖန်အဆင့်သတ်မှတ်ချက်တွေအတိုင်း ထိပ်ဆုံးဖန်ဆယ်ယောက်ပဲ ညာဘက်မှာ ပေါ်နေလိမ့်မယ်။

အခု ယွီဂျင်လီရဲ့ live stream မျက်နှာပြင်ညာဘက်မှာက ဖန်နှစ်ယောက်သာ ရှိသေးတယ်။ တစ်ယောက်က "I am a Yangtze River" ဖြစ်ပြီးတော့ တစ်ခြားတစ်ယောက်က "Ao Ao Ao" ဖြစ်တယ်။

စနစ်ရဲ့နှိုးဆော်အသိပေးသံကို ထပ်ပြီးကြားလိုက်ရတော့ ယွီဂျင်လီက မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်တယ်။ အဲ့နောက် နောက်ထပ်ပန်းတွေ သူ့ကိုပေးပို့လာတာကို မြင်လိုက်ရတယ်။ ရုတ်တရက် သူ့ရဲ့စိတ်အခြေအနေက ပိုပြီးကောင်းလာတယ်။

"ပန်းတွေအတွက်ကျေးဇူးတင်ပါတယ်။" ယွီဂျင်လီက အပြုံးလေးနဲ့ပြောလိုက်တယ်။

ဖန်တွေကနေ ပေးပို့လာတဲ့နှင်းဆီပန်းတွေက သာမန်သင်္ကေတမျှလောက်သာဖြစ်တယ်လို့ သူတွေးထင်ထားတာဖြစ်တယ်။ သူတို့အချစ်တွေကို ထုတ်ပြတဲ့တစ်စုံတစ်ခုမျှလောက်သာပဲလို့ပေါ့။ သူတို့တွေက ပိုက်ဆံကုန်ကျမယ်ဆိုတာနဲ့ streamer ကလည်း ဒါတွေကို အချိုးကျမျှယူနိုင်တယ်ဆိုတာကို သူမသိဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1जहाँ कहानियाँ रहती हैं। अभी खोजें