Chapter(10):အခွင့်အရေးယူခြင်း

4.7K 1K 7
                                    

Zawgyi

သို့သော်လည်းအခုချိန်မှာ ရွှေရောင်ပေါင်လုံးကြီးက သိပ်အခြေအနေမကောင်းဘူး။ အချိန်မရွေး သေဆုံးသွားနိုင်သလိုမျိုးပဲ။

ထူးဆန်းတဲ့ကမ္ဘာမှာ ရွှေရောင်ပေါင်လုံးကြီးကို ရှာတွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ယွီဂျင်လီက ဒီရွှေရောင်ပေါင်လုံးကြီးသေမှာကို အမှန်တကယ် မလိုချင်ဘူး။ နောက်တစ်နည်းပြောရရင် နောက်ထပ်တစ်ယောက်က ဘယ်မှာရှိမလဲ သူမသိဘူးလေ။

အရင်ကသူသာဆိုရင် ရွှေရောင်ပေါင်လုံးကြီးကို ကယ်တင်ဖို့ မိနစ်အနည်းငယ်လောက်က ကိစ္စမရှိဘူး။

ဒါပေမဲ့အခုတော့ သူကတစ်ခြားသူရဲ့ခန္ဓာကိုယ်ကို အသုံးပြုနေရပြီးတော့ ကျင့်ကြံထားခြင်းလည်း မရှိဘူး။ ကမ္ဘာကြီးရဲ့စိတ်စွမ်းအားက ဘာမှမရှိသလောက်ကို နည်းပါးနေတယ်။ သူလူတွေကို ကယ်ချင်တယ်ဆိုရင်တောင်မှ ညဏ်နီညဏ်နက်များတဲ့ မိန်းမတစ်ယောက်က ဆန်မရှိပဲချက်ပြုတ်နေသလိုမျိုး ခက်ခဲတယ်။

"ကျွန်တော်သူ့ကို ထိကြည့်လို့ရမလား?" ယွီဂျင်လီက ရှောင်မုလန်ကိုကြည့်ပြီး မေးလိုက်တယ်။

"ရတာပေါ့။" ရှောင်မုလန်က အပြုံးလေးနဲ့  ပြန်ဖြေလိုက်တယ်။

တစ်ချိန်တည်းမှာပဲ အိပ်ယာပေါ်မှာလဲနေပြီး မလှုပ်ရှားနိုင်ဖြစ်နေတဲ့ ကျန်းမော့ရှန်း : . . .

သူကသူတို့တွေတံခါးကနေဝင်လာကတည်းက နိုးနေခဲ့တာပါ။ သူကအားနည်းနေတာကြောင့် အိပ်ယာပေါ်မှာ လှဲနေရုံသာတတ်နိုင်တယ်။

သူက ကောင်ငယ်လေးတစ်ယောက်နဲ့သူ့အမေ ဝင်လာတာကိုကြည့်နေခဲ့တယ်။ ကောင်လေးရဲ့အခြေအနေက သူအခုလက်ရှိဖြစ်နေတာထက်တော့ ပိုမကောင်းပါဘူး။ မျက်နှာလေးက အဝါရောင်အရမ်းသမ်းနေပြီး အချိန်အကြာကြီး အစာအာဟာရပြတ်လပ်မှုကြောင့် ပိန်ပါးနေတယ်။ ဒါပေမဲ့ လုံးဝကို တောက်ပပြီးရိုးသားတဲ့ ကြီးမားတဲ့မျက်ဝန်းတစ်စုံက အဲ့လိုမျက်နှာပေါ်မှာ ရှိနေတယ်။ အဲ့ဒါက စွန့်ပစ်နယ်မြေထဲကလှပတဲ့ ပန်းလေးတစ်ပွင့်လိုပဲ။ လူတွေကို မသိလိုက်ဘဲနဲ့ ဆွဲဆောင်မှုထဲမှာ ကျရောက်သွားစေတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now