Chapter(22):ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ခြင်း

4.4K 1K 9
                                    

Zawgyi

ဇာ့ခ်ဘုရင်မနဲ့ တိုက်ခိုက်ပြီးကတည်းက ကျန်းမော့ရှန်းက ဖြစ်ရပ်တွေအားလုံးကို စိတ်လှုပ်ရှားခြင်းမရှိပဲနဲ့ တည်ငြိမ်စွာလက်ခံခဲ့တယ်။ ဒဏ်ရာရနေတဲ့လူက သူမဟုတ်သလိုပဲ သူ့ကိုယ်သူစွန့်ပစ်ထားတာ ဒါမှမဟုတ် သူ့ကိုယ်သူညည်းညူတိုင်တန်းနေတာ မရှိဘူး။

ဒါပေမဲ့အခုချိန်အခိုက်အတန့်မှာတော့ သူအရမ်းကျန်းမာနေပါစေလို့ မျှော်လင့်မိတယ်။ ဒီလိုအတွေးမျိုးက ရုတ်တရက်ဝင်လာတော့ သူအနည်းငယ် ပဟေဋိဖြစ်သွားတယ်။ ရုတ်တရက် သူဒီလိုမျိုး ဘာလို့တွေးလိုက်တာလဲဆိုတာကို သူနားမလည်ဘူး။ ဒါပေမဲ့အဲ့ဒါက သူ့အတွေးတွေကိုတော့ သက်ရောက်မှုမရှိပါဘူး။ သို့သော်လည်း အမှန်တရားကတော့ အမှန်တရားပဲ။ တကယ်လို့ သူလျင်လျင်မြန်မြန် ပြန်လည်သက်သာလာချင်တယ် ဆိုရင်တောင်မှ သူစိတ်ကူးယဉ်လိုက်တာနဲ့ အမှန်တရားက ပြောင်းလဲသွားမှာမဟုတ်ဘူး။

သို့သော်လည်း နောက်ခဏအကြာမှာပဲ တံခါးအပြင်ဘက်က ပျော်ရွှင်နေတဲ့ခြေသံကို ကြားလိုက်ရတယ်။
ခါတိုင်းထက်တောင်ပိုပြီး သွက်လက်လှုပ်ရှားနေတယ်။ ခြေသံပိုင်ရှင်ကိုကြည့်ရတာ စိတ်ကောင်းဝင်နေတဲ့ပုံပဲ။

ကျန်းမော့ရှန်းရဲ့စိတ်အခြေအနေက ဒီလျှပ်တစ်ပြက်လေးအတွင်းမှာပဲ ပြန်ပြီးတည်ငြိမ်သွားတယ်။ အဲ့ဒါက ဘာလို့လဲဆိုတာ သူမသိပေမဲ့လို့ပေါ့။

မနက်ခင်းတစ်ပိုင်းလုံးတံခါးကို စိုက်ကြည့်ပြီးတဲ့အချိန်မှာ သူ့မျက်လုံးတွေကို အကြည့်လွှဲလိုက်ပြီးတော့ ခုနတုန်းကသူဘာမှမလုပ်ခဲ့သလိုမျိုးနဲ့ မျက်နှာကြက်ကိုပဲ ပြန်စိုက်ကြည့်နေလိုက်တယ်။

တံခါးကပွင့်လာပြီးတော့ လူအရင်မလာခင် အသံကအရင်ဝင်လာတယ်။

"ရွှေရောင် . . . အားရှန်း ကျွန်တော်အာဟာရဓာတ်စာအချို့ပေးဖို့ ရောက်လာတာ။ ခင်ဗျားသက်သာလာပြီလို့ ခံစားရလား?" ယွီဂျင်လီက ကျန်းမော့ရှန်းရဲ့အိပ်ယာဘေးကို အပြုံးလေးနဲ့လျှောက်လာပြီးတော့ သဘာဝကျကျကိုပဲ တစ်ဖက်လူရဲ့လက်ကောက်ဝတ်ပေါ်ကို သူ့လက်ကိုတင်လိုက်ပြီး သူစုဆောင်းထားတဲ့ စိတ်စွမ်းအင်စွမ်းအားတွေကို တစ်ဖက်လူရဲ့ခန္ဓာကိုယ်ထဲကို ထည့်ပေးလိုက်တယ်။ ပြီးတော့ တစ်ဆက်တည်း တစ်ဖက်လူရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း စစ်ဆေးလိုက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now