Chapter(13):ရွှေရောင်ပေါင်လုံး အတွက် ဂရုဏာ

4.7K 1K 6
                                    

Zawgyi

"ဒါကရှောင်လီအတွက်" ကျန်းဇန်ထောင်ကပြုံးပြီး သူ့ရဲ့လောင်ဂျီအသားကို ယွီဂျင်လီရဲ့အရှေ့ကို တိုးပေးလိုက်တယ်။

ယွီဂျင်လီက သူ့ရှေ့ကလောင်ဂျီအသားနဲ့ ကျန်းဇန်ထောင်ကို ကြည့်လိုက်တယ်။ သူအရမ်းကို စိတ်ရှုပ်ထွေးသွားတယ်။

သူလောင်ဂျီအသားအချို့ကို စားချင်နေတယ်။ အဆုံးသတ်မှာတော့ သူကျန်းမော့ရှန်းကို စစ်ဆေးဖို့ အများကြီးအသုံးမပြုရသေးတာတောင်မှ သူခုနကစုပ်ယူခဲ့တဲ့ သန့်စင်တဲ့စွမ်းအားတွေက အလွန်နည်းနေတယ်။

ဒါပေမဲ့ ဒီလောင်ဂျီအသားတွေက တစ်ခြားသူတွေနဲ့ပဲ သိသိသာသာကိုသက်ဆိုင်တယ်။ သူအဲ့ဒါကို ယူလိုက်မယ်ဆိုရင် သူကကောင်းတဲ့ koi မဖြစ်တော့ဘူးလား? သူ့ရဲ့ကျင့်ကြံရေးကို သက်ရောက်မှုရှိမလား?

"အဖေ့ရဲ့ခန္ဓာကိုယ်က စွမ်းအင်အများကြီးကို ခံနိုင်ရည်မရှိသေးဘူး။ ရှောင်လီကဒယ်ဒီ့ကို ကူစားပေးနိုင်မလား?" ကျန်းဇန်ထောင်က မေးလိုက်တယ်။

အဲ့အချိန်မှာပဲ ယွီဂျင်လီက အကျဉ်းအကျပ်ထဲကို နောက်ထပ်မကျရောက်တော့ဘူး။ တစ်ခြားသူတွေကို ကူညီခြင်းက ကျင့်ကြံသူတွေအတွက် အကောင်းဆုံးအကျိုးကျေးဇူးပဲ။ သူတစ်ခြားသူတွေကို ကူညီရတာ အရမ်းပျော်တယ်။ အထူးသဖြင့် စိတ်စွမ်းအင်နဲ့ဆိုင်တဲ့အရာတွေကို စားရာမှာပေါ့။ အဲ့ဒါက အရမ်းအံ့သြဖို့ကောင်းတယ်။

ယွီဂျင်လီပျော်နေတာကိုကြည့်ပြီး ကျန်းဇန်ထောင်နဲ့ ရှောင်မုလန်တို့လည်းပျော်တယ်။

သူတို့စီစဉ်ထားပြီးပြီ။ တကယ်လို့ယွီဂျင်လီက ကျန်းမော့ရှန်းနဲ့လက်မထပ်ချင်ဘူးဆိုရင် သူတို့ကသူ့ကို သားအဖြစ်ခေါ်ထားမယ်။

ဒီကလေးကသူတို့သားကို အရမ်းကြိုက်မယ်လို့ မမျှော်လင့်ထားဘူး။ သူတို့ကိုအံ့သြပြီးရင်း အံ့သြအောင်လုပ်နေတာပဲ။ ယွီဂျင်လီကို သူတို့အရမ်းချစ်မိတယ်။ ပြီးတော့ မမျှော်လင့်မိပဲနဲ့ သူတို့ကသူ့ကို ကျန်းမိသားစုဝင် သူတို့ရဲ့သားအရင်းအဖြစ် သတ်မှတ်ထားမိတယ်။

နေ့လယ်စာစားပြီးနောက် စိတ်စွမ်းအင်စွမ်းအားအနည်းငယ်ကို သူရဲ့လွတ်နေတဲ့ကွင်းပြင်ထဲမှာ သိုလှောင်ပြီးပြီလို့ ယွီဂျင်လီခံစားလိုက်ရတယ်။ သူ့ရဲ့အရင်ဘဝနဲ့ နှိုင်းယှဉ်လို့တော့မရပေမဲ့ သူ့ရဲ့စိတ်စွမ်းအင်စွမ်းအားကို တိုးမြှင့်ပေးဖို့အတွက် နည်းလမ်းတစ်ခုကို ရှာတွေ့တာကို အရမ်းစိတ်လှုပ်ရှားနေတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now