Chapter(17):သခင်ငယ်လေးက အရမ်းစွမ်းအားကြီးတယ်။

4.6K 968 10
                                    

Zawgyi

ဒီကမ္ဘာကိုကူးပြောင်းလာတဲ့ ကမ္ဘာပေါ်က တိုင်းရင်းသားရဲမျိုးနွယ်စိတ်တစ်မျိုး ဖြစ်တာနဲ့အညီ ယွီဂျင်လီက ၁၀၀% ရိုးသားသူလေးဖြစ်ပါတယ်။ ဒီမှာရှိရှိသမျှအရာတိုင်းက သူ့ကိုအံ့သြစေတယ်။

ကျန်းမော့ရှန်းရဲ့အခန်းက အကုန်လုံးနည်းပညာအမြင့်တွေနဲ့ပဲ သုံးထားတယ်။ ယွီဂျင်လီအတွက်အဲ့ဒါက အဘွားလုကခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းရှိတဲ့ ဥယျာဉ်ထဲကိုဝင်သွားရသလိုပဲ။ အရာအားလုံးက ဝတ္ထုထဲကလိုမျိုးပဲ။

နေ့ခင်းပိုင်းမှာ ကျန်းမော့ရှန်းအခန်းထဲမှာနေရတာဟာ ယွီဂျင်လီအတွက်တော့ အရမ်းကိုကြီးမားတဲ့ အကျိုးကျေးဇူးတွေရလိုက်တယ်။ သူကဒီကမ္ဘာကြီးရဲ့ ဗဟုသုတတွေကို ပိုပြီးသိလိုက်ရတယ်။ အနည်းဆုံးတော့ အပြင်လူတွေရှေ့မှာတော့ ဟာသမလုပ်မိတော့ဘူးပေါ့။ သူကျန်းမော့ရှန်းရှေ့မှာ ဟာသတွေလုပ်မိပြီလားဆိုတာကို တွေးဖို့တော့ သတိမထားမိခဲ့ပါဘူး။

ဒါမှမဟုတ် သူဘယ်လောက်တုံးတုံး ကျန်းမော့ရှန်းက သူ့ကိုရယ်လိမ့်မှာမဟုတ်ဘူးလို့ ယွီဂျင်လီရဲ့မသိစိတ်ကနေ အလိုအလျောက်ယုံကြည်နေလို့နေမယ်။

အဲ့ဒါမှန်တာပေါ့။ ယွီဂျင်လီက နေ့စဉ်သာမန်အသိဗဟုသုတတွေ လုံးဝမရှိဘူးဆိုတာကို ကျန်းမော့ရှန်းစဉ်းစားမိပေမဲ့ အဲ့ဒါကလွဲမှားနေတယ်လို့တော့ သူမထင်ဘူး။ အကောင်းဆုံးအနေနဲ့ ဒီဆယ်ကျော်သက်လေးနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်က အရမ်းဆိုးနေတော့ သူဒါတွေကိုမြင်ဖူးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ပြဿနာတွေအများကြီးရှိနေမှာပဲလို့ ကျန်းမော့ရှန်းတွေးလိုက်တယ်။

ကျန်းမော့ရှန်းရဲ့နှလုံးသားက အဆိပ်ကြောင့်ဖြစ်တဲ့ ပုံမှန်နာကျင်မှုတွေနဲ့ ကွဲပြားတဲ့ ဓားနဲ့ထိုးသလိုစူးရှတဲ့ ခံစားချက်နဲ့ ဆုပ်ကိုင်ထားတဲ့နာကျင်မှုတွေနဲ့ ပြည့်နှက်နေတယ်။

ဒီလိုမျိုးစိတ်နှလုံးပူဆွေးတာ ဘယ်ကနေလာမှန်း သူမသိဘူး။ ဒါပေမဲ့ သူ့ရှေ့မှာရှိတဲ့ ကောင်ငယ်လေးအတွက် သနားသလိုမျိုး ခံစားရတယ်။

ယွီဂျင်လီက တစ်ယောက်ယောက်ကလာပြီး ညစာစားဖို့မမေးခင်အထိ ကျန်းမော့ရှန်းရဲ့အခန်းထဲမှာပဲ နေခဲ့တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now