Chapter(48):အဲ့ဒါဆိုရင်လည်း စောင့်နေရအုံးမယ်။

3.9K 912 12
                                    

Zawgyi

Live stream ရဲ့ကင်မရာကို ပိတ်ပြီးနောက် ယွီဂျင်လီက လူတွေကို ချက်ပြုတ်ထားတဲ့ဟင်းပွဲတွေကို ညစာစားခန်းထဲကို သယ်ခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်။ သူလှည့်ကြည့်လိုက်တော့ ဇန်ဖေချီနဲ့သူ့လူနှစ်ယောက်က သူ့ကိုတလေးတစားနဲ့ ကြည့်နေကြတာကို မြင်လိုက်ရတယ်။

ယွီဂျင်လီက နားမလည်တာကြောင့် သူ့ရဲ့ခေါင်းလေးကိုငုံ့ပြီး မျက်နှာလေးကို ထိကြည့်လိုက်တယ်။ ဘာမှလည်း မရှိပါဘူး။ ဘာလို့သူတို့သုံး​ယောက်က သူ့ကိုဒီလိုမျိုး
ကြည့်နေရတာလဲ။

သို့သော်လည်း live stream မစခင်ကတည်းက သူတို့ရဲ့နှလုံးသားတွေ သိမ်းပိုက်စိုးမိုးခံနေရတဲ့
လူသုံးယောက်သားက ယွီဂျင်လီရဲ့ live stream က အရမ်းပေါ်ပြူလာဖြစ်နေပြီးတော့
ကြည့်ရှုသူအ​ရေအတွက်ကလည်း ငါးထောင်ထက်ပိုများနေတာကို မြင်လိုက်ရတော့ သူတို့ဘာသာသူတို့ ဂုဏ်ယူမိသွားကြပြီး
စိတ်ထဲကနေ ပီတိဖြာနေတဲ့ခံစားမှုလေးတစ်ခုကလည်း
ဖြစ်ပေါ်လာတယ်။

သေချာပေါက်ကိုပဲ သူတို့ရဲ့မိန်းမပျိုငယ်လေးက အရမ်းစွမ်းအားကြီးတာဘဲ။ သူဘာပဲလုပ်လုပ် သူလုပ်တဲ့ပထမဆုံးအကြိမ်မှာတောင် လူအများကြီးရဲ့စောင့်ကြည့်ခြင်းကိုခံရပြီး သူတို့ရဲ့ကြိုက်နှစ်သက်ခြင်းကို ခံရတယ်။ Live stream အဆုံးမှာတုန်းကဆိုရင် လူတွေအများကြီးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ အလျှော့ပေးလိုက်ရတယ်။ ဒါ့အပြင် သူတို့ရဲ့မိန်းမပျိုငယ်​လေးက ဗဟုသုတအရမ်းရှိ
ပြီး​တော့​ ရှေးကမ္ဘာမြေခေတ်က သက်ရှိမျိုးစိတ်ကိုတောင် သိတယ်။ သူ့ထက်ပိုတော်တဲ့သူ မရှိနိုင်တော့ဘူး။

ယွီဂျင်လီအဲ့ဒါကို နားမလည်လိုက်သေးခင်မှာ သူနောက်ထပ်သစ္စာခံဦးနှောက်သုံးခုကို ရရှိသွားပြီဖြစ်တယ်။

...

ယွီဂျင်လီရဲ့ အစားအစာတွေစားတာ ပထမဦးဆုံးအကြိမ်မဟုတ်ပေမဲ့လည်း သူတို့စားလိုက်တဲ့အကြိမ်တိုင်းမှာ
ဟင်းပွဲတွေက ကွဲပြားခြားနားနေတယ်။ ရှောင်မုလန်နဲ့ကျန်းဇန်ထောင်တို့က အမြဲတမ်းအံ့သြရတယ်။

သူတို့ရဲ့ကလေးကြီးက တကယ်ကို အံ့အားသင့်စရာကောင်းတာဘဲ။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now