Chapter(47):Koi ငါး၏ ဖန်အသစ်များ

4.2K 939 22
                                    

Zawgyi

လူတွေပိုများလာတာနဲ့အမျှ အမှားနဲ့အမှန်တွေလည်း ပိုများလာတယ်။ ဒါပေမဲ့ ကောင်းတဲ့အရာကတော့
လူအများစုက ယွီဂျင်လီရဲ့ live stream ကိုကြည့်ချင်ရုံသက်သက်ပဲဆို​တော့ မှတ်ချက်ကဏ္ဍမှာဖြစ်နေတဲ့
ဆွေးနွေးပွဲမှာ ပါဝင်မဆင်နွှဲကြဘူး။

ယွီဂျင်လီက တခါတရံမှာ မျက်နှာပြင်ကိုကြည့်ပြီးတော့
မေးခွန်းအချို့ကိုဖြေပေးလေ့ရှိတယ်။

ဒီတစ်ကြိမ်မှာ သူကနောက်ထပ်ဟင်းပွဲကို လုပ်နေတယ်။ သူမျက်နှာပြင်ကို ကြည့်လိုက်တာနဲ့ အချိန်ကိုက်ပဲ လူတိုင်းက koi ငါးအကြောင်းပြောနေကြတာကို မြင်လိုက်ရတယ်။ ယွီဂျင်လီက ရုတ်တရက် သူ့ရဲ့ရင်ဘတ်သေးသေးလေးကို ဂုဏ်ယူစွာကော့လိုက်မိတယ်။

"Koi ငါးက အရင်အချိန်တုန်းက ရှိခဲ့ဖူးတယ်။  သူတို့တွေက လူတွေဆီကို ကံကောင်းမှုတွေ ယူဆောင်လာပေးတယ်။ အထူးသဖြင့် ကူးပြောင်းပေးနိုင်တဲ့ koi ငါးပေါ့။ သူတို့တွေက လူတွေရဲ့ကံဆိုးမှုတွေကို ကံကောင်းမှုတွေအဖြစ် ကူညီပြောင်းလဲပေးနိုင်တယ်။" ယွီဂျင်လီက
အပြုံးလေးနဲ့ ပြောလိုက်တယ်။

သူ့ရဲ့မျိုးနွယ်စုက ကံကြမ္မာကောင်းတွေနဲ့အတူ မွေးဖွားလာတာဖြစ်တယ်။ သူတို့စိတ်စွမ်းအားမရှိသေးရင် သူတို့ရဲ့သက်ရောက်မှုက နည်းတယ်ဆိုပေမဲ့လည်း စိတ်စွမ်းအားရှိလာတဲ့အချိန်ကျရင် သူတို့တစ်ယောက်ချင်းစီက
အရုပ်တစ်ရုပ်ရဲ့တည်ရှိမှုလိုမျိုး ဖြစ်လာလိမ့်မယ်။ သူတို့တွေက လူသားမျိုးနွယ်တွေ မွေးချင်တဲ့ အကြိုက်နှစ်သက်ဆုံးသက်ရှိတွေ ဖြစ်လာတယ်။ အထူးသဖြင့်ကတော့ ကံကောင်းမှုတွေကို ပြောင်းလဲပေးနိုင်တဲ့ koi ငါးပေါ့။

သေချာပေါက် သူတို့တွေက လူတွေရဲ့ကံကောင်းမှုတွေကို သ​ဘောရှိပြောင်းလဲလို့ မရပါဘူး။ အဆုံးသတ်မှာတော့ အဲ့ဒါတွေက ကောင်းကင်ဘုံရဲ့စည်းမျဉ်းတွေကို ဆန့်ကျင်နေတယ်လေ။

ဒါပေမဲ့ ဒီကြယ်စုနှစ်ကလူတွေကတော့ ဒါတွေကို မသိကြပါဘူး။ သူတို့တွေက koi ငါးလိုမျိုး တစ်စုံတစ်ခုကို အရင်ကတစ်ခါမှ မကြားဖူးတာကြောင့် သိချင်စိတ်အပြည့်
ဖြစ်နေတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now