Chapter(53):သူ့အခန်းထဲကို မလာဘူး။

4.1K 894 16
                                    

Zawgyi

ပထမညရဲ့ live stream ပြီးသွားတဲ့အချိန်ကတည်းက ဇန်ဖေချီတို့သုံးယောက်သားက သူတို့ရဲ့မိန်းမပျိုငယ်လေးက ညတိုင်းညစာစားခါနီးမှာ live stream
လွှင့်မယ်ဆိုတာကို သူတို့အားလုံးသိသွားကြတယ်။ အဲ့ဒါကြောင့် သူတို့မိန်းမပျိုငယ်လေးအတွက် စတင်တိုက်ခိုက်ကြတော့တယ်။ ပါဝင်ပစ္စည်းတွေကိုပြင်ဆင်ပေးပြီးတာနဲ့ ထောင့်နားမှာကျိုးကျိုးနွံနွံနဲ့ သွားရပ်နေလိုက်ကြတယ်။ အဲ့လိုဆိုရင် သူတို့မိန်းမပျိုငယ်လေးရဲ့ live stream ကို အနှောင့်အယှက်မပေးမိဘဲ သူ့ရဲ့ချက်ပြုတ်မှုဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လေ။ ဒါနဲ့စကားမစပ် သူတို့မိန်းမပျိုငယ်လေးရဲ့
ကျော်ကြားမှုပမာဏကိုလည်း စောင့်ကြည့်နိုင်တယ်လေ။

ဒါက သူတို့ရဲ့မိန်းမပျိုငယ်လေးပဲ။ တကယ်လို့ အင်တာနက်ပေါ်ကဖန်တွေအများကြီးက သူ့ကိုကြိုက်ကြတယ်ဆိုရင်တောင်မှ သူတို့သူ့ကိုထိလို့မရဘူး​လေ။ ဒါပေမဲ့ သူတို့တွေကတော့ သူ့ကိုထိလို့ရတယ်။ နေ့တိုင်းလည်း မြင်ရတယ်။ တကယ်လို့အဲ့ဖန်တွေသာ ဒီအကြောင်းကိုသိကြမယ်ဆိုရင် သူတို့သူတို့ကို မနာလိုဖြစ်နေကြတော့မှာပဲ!

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေအကုန်လုံး အဆင်သင့်ဖြစ်သွားတော့ ယွီဂျင်လီက live room ကို ဖွင့်လိုက်တဲ့အချိန်မှာ လူတွေအများကြီး အစုလိုက်အပြုံလိုက် live room ထဲကို တိုးဝင်လာကြတာကြောင့် ရှော့ခ်ရသွားတယ်။

တကယ်လို့ တင်ဆက်သူ host က live stream room ထဲမှာ ရှိမနေဘူးဆိုရင်တောင်မှ fan တွေက ချိတ်ဆက်ထားနိုင်ကြတယ်။ အဲ့ဒါကြောင့်ယွီဂျင်လီက live stream room ကိုဝင်ဖို့ ဖွင့်လိုက်တဲ့အချိန်မှာ
အစကတည်းက ချိတ်ဆက်ထားပြီးဖြစ်တဲ့ fan တွေက ပွက်ပွက်ဆူ​နေကြပြီးတော့ မှတ်ချက်တွေတစ်ယောက်ပြီးတစ်ယောက် ပေးပို့နေကြတော့တယ်။ Live stream ကို ကြည့်ရှုနေကြတဲ့ လူအရေအတွက်ကလည်း
ပထမနေ့ရဲ့ အဆုံးပိုင်းနားတုန်းကထက်တောင်
ပိုများနေသေးတယ်။

ကြည့်ရှုနေကြတဲ့လူအရေအတွက်ကို ရှင်းရှင်းလင်းလင်းပိုမြင်ရဖို့အတွက် ယွီဂျင်လီကခေါင်းစောင်းပြီး ကြည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက မျက်နှာပြင်ပေါ်မှာ ကပ်လုနီးပါးတောင်ဖြစ်နေပြီးတော့ သူ့ပါးစပ်ကလည်း ပြောနေတယ်။ "တစ်ဆယ် တစ်ရာ တစ်ဆယ် တစ်သောင်း တစ်သောင်း?"

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Место, где живут истории. Откройте их для себя