Chapter(60):အမှန်တကယ်ကို သက်သာလာပြီ။-1

3.7K 834 4
                                    

Zawgyi

"အဆင်ပြေပါတယ်။ အမြဲတမ်းဒီလိုမျိုးပဲကို။ လျစ်လျူရှုလိုက်ရုံပေါ့။" ကျန်းဇန်ထောင်က ကြိုးစားပြုံးလိုက်တယ်။ သူသူ့ဇနီးကိုမစိုးရိမ်စေချင်ဘူး။ ဒါပေမဲ့သူကိုယ်တိုင်ကတော့ ကျန်းမိသားစုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေမိတယ်။

"မစိုးရိမ်ပါနဲ့။ ဇန်ထောင် ကျွန်မတို့သားက အဆင်ပြေသွားမှာပါ။ ကျွန်မတို့ရဲ့မိသားစုရောပေါ့။" ရှောင်မုလန်ကသူ့ကို နှစ်သိမ့်ပေးလိုက်တယ်။

သစ်အယ်သီးလေးဒီမှာရှိနေသရွေ့ အားရှန်းကအဆင်ပြေသွားမှာပါ။ ကျန်းမိသားစုကလည်း ပြိုလဲကျသွားမှာမဟုတ်ဘူး။ သူမသား ပြန်လည်ကောင်းမွန်လာတဲ့အချိန်ကျရင် သူမရဲ့မိသားစုကို ခက်ခဲတဲ့အရာတွေပြုလုပ်ခဲ့တဲ့ အဲ့ဒီလူတွေ ဘယ်လိုမျိုးပြုမူမလဲဆိုတာကို သူမမြင်ချင်မိတယ်။

သူ့ဇနီးက သူတို့သားရဲ့ ပြန်လည်ကောင်းမွန်လာမှုအကြောင်းကို ပြောနေတော့ အဲ့ဒါကကျန်းဇန်ထောင်ကို သတိပေးလိုက်သလို ဖြစ်သွားတယ်။ သူကျန်းမိသားစုရဲ့အနာဂတ်နဲ့ စစ်တပ်ဆိုင်ရာကိစ္စရပ်တွေနဲ့ပဲ အချိန်ကုန်နေရတာကြောင့် သူဒီအကြောင်းကို သိပ်ပြီးအာရုံမစိုက်မိခဲ့ပါဘူး။ သူ့ဇနီးဆီကနေ ဒီအကြောင်းကို ထပ်ကြားလိုက်ရတော့မှ အားရှန်းကအမှန်တကယ်ပဲ သက်သာလာပြီလားဆိုတာကို သူသိချင်သွားမိတယ်။

ဒါပေမဲ့ ဇာ့ခ်ရဲ့သဘာဝလွန်အဆိပ်က ဘယ်လောက်ထိ အန္တရာယ်များသလဲဆိုတာကို လူတွေအကုန်လုံးထဲမှာမှ သူကအသိဆုံးဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲ့ဒီအဆိပ်နည်းနည်းလေး ထိုးသွင်းခံလိုက်ရတာတောင်မှ သူ့ရဲ့ကျန်းမာရေးအခြေအနေက အလွန်အကျွံကို ဆိုးရွားပြင်းထန်လာခဲ့တယ်။ ဒါ့အပြင်ကို သူ့သားရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်ကလည်း နောက်ဆုံးအားကိုးအားထားရာအနေနဲ့ ထိုးသွင်းလိုက်တဲ့ ဇာ့ခ်ရဲ့သဘာဝလွန်အဆိပ်ဖြစ်တယ်။ ဆိုလိုတာက ပိုပြင်းပြီး သူ့သားအတွက် သေဆုံးခြင်းအလံသာ ကျန်ရှိတော့တယ်ဆိုတဲ့သဘောပဲ။

နှစ်ပေါင်းများစွာကြာအောင် ပြည်ထောင်စုထဲမှာရှိတဲ့ ဆရာဝန်တွေအားလုံး အဆိပ်ဖြေဆေးကို ရှာဖွေမဖော်ထုတ်နိုင်သေးဘူး။ ယွီဂျင်လီတစ်ယောက် အမှန်တကယ်ပဲ ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့နိုင်ပါ့မလား?

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now