Chapter(38):အမှန်တကယ်ကို ဆင်းရဲမွဲတေနေတာပဲ။-2

4.5K 878 5
                                    

Zawgyi

နောက်ရက်အနည်းငယ်အတွင်းမှာ ကျန်းမော့ရှန်းနှင့်ယွီဂျင်လီတို့က ကျင့်ကြံရေးအကြောင်းကို မကြာခဏဆွေးနွေးကြတယ်။ အမှားလုပ်ဖို့လွယ်ကူတဲ့တချို့နေရာတွေမှာ သေချာအာရုံစိုက်ဖို့ သူ့ကိုသတိပေးတယ်။ ပြီးတော့ သူ့အမေးတွေကို ဖြေပေးတယ်။

ကျန်းမော့ရှန်းကျင့်ကြံနေတဲ့အချိန်ကျမှ ယွီဂျင်လီက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဘယ်လိုဖွင့်ရမလဲ။ ဘာပစ္စည်းတွေကို ပြင်ဆင်ထားဖို့ လိုအပ်သလဲ။ ပြီးတော့ ဒီမှာရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဝက်ဖ်ဆိုက်တွေက ဘယ်လိုမျိုးလဲဆိုတာကို စတားကွန်ရက်ထဲကိုဝင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်း သတင်းအချက်အလက်တွေကို စတင်စုံစမ်းမေးမြန်းတော့တယ်။

ပထမကတော့ သူက တိုက်ရိုက်ထုတ်လွှင့်မှုဝက်ဖိဆိုက်တွေကြားထဲမှာ
နာမည်အကျော်ကြားဆုံးနှင့် အဆက်အသွယ်အကြီးမားဆုံးရှိတဲ့ ကျန့်ရှန်းတိုက်ရိုက်ထုတ်လွှင့်မှုကွန်ရက်မှာ တင်ဆက်သူအဖြစ် စီစဉ်ထားတာဖြစ်တယ်။ အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေရှိတယ်။ အရင်တုန်းက သူမြင်ခဲ့တဲ့ "ငါးစားနေတဲ့ယုန်လေး"
ဆိုတဲ့လူက ကျန့်ရှန်းရဲ့တင်ဆက်သူတွေထဲက တစ်ယောက်ဖြစ်တယ်။

ဒါပေမဲ့ သူမှတ်ပုံတင်နေတဲ့အချိန်လေးမှာပဲ သူရုတ်တရက် လှုပ်ရှားနေတဲ့ကြော်ငြာတစ်ခုရဲ့ ဆွဲဆောင်ခြင်းကိုခံလိုက်ရတယ်။

အဲ့ဒါက တိုက်ရိုက်ထုတ်လွှင့်မှုဝက်ဖ်ဆိုက်အသစ်ပဲ ဖြစ်တယ်။ တင်ဆက်သူတွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့အတွက် မှတ်ပုံတင်ပြီးတဲ့တင်ဆက်သူတိုင်းကို သူတို့ရဲ့ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုပြီးရင်
ခရစ်ဒစ်တစ်ထောင်စီ ဆုချမှာဖြစ်တယ်။ ပြီးတော့
တိုက်ရိုက်သူ့အကောင့်ထဲကို လွှဲပြောင်းပေးမှာဖြစ်တယ်။

အဲ့ဒီအချက်က ယွီဂျင်လီရဲ့အာရုံအကုန်လုံးကို ဆွဲဆောင်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက...
သူ့လက်ထဲမှာ ဒေါ်လာတစ်ဆင့်လေးတောင် မရှိလောက်အောင် ဆင်းရဲလွန်းနေလို့ပဲဖြစ်တယ်။

သူကျန်းအိမ်မှာနေမယ်ဆိုရင် ပိုက်ဆံအပိုရှိစရာ မလိုအပ်ပေမယ့်လည်း သူတိုက်ရိုက်ထုတ်လွှင့်မှုပစ္စည်းတွေကိုဝယ်ဖို့အတွက်
အကြွေးဝယ်ကတ်လိုအပ်နေတုန်းပဲ။ သူကအကြွေးဝယ်ကတ်ထဲမှာ ငွေပမာဏအများကြီးရှိတဲ့ ကျန်းမော့ရှန်းရဲ့စမတ်နာရီကို ယူထားတယ်ဆိုရင်​တောင်မှ အဲ့ဒါက သူပိုင်ဆိုင်တဲ့အကြွေးဝယ်ကတ်လိုမျိုး သက်တောင့်သက်သာရှိပြီး ပိုပြီးမဖြည့်ဆည်းပေးနိုင်ဘူး။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now