Chapter(49):သူကမင်းကို အရမ်းချစ်တယ်။-2

4.2K 929 17
                                    

Zawgyi

တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းအတူတကွ ရှိကြတဲ့အချိန်က မများပေမဲ့ ကျန်းမော့ရှန်းရဲ့ယွီဂျင်လီအပေါ် နားလည်မှုကတော့ အတော်လေးများတယ်လို့ ပြောရမယ်။

"တကယ်လား? တကယ်ပဲလား?" ရှောင်မုလန် သူမသားက ဘယ်တော့မှမလိမ်တတ်ဘူးဆိုတာကို သိတယ်။ သူမပြောပြချင်ဘူးဆိုရင် မပြောဘူး။ ပြောရင်လည်း သူပြောတဲ့စကားက အမှန်ပဲဆိုတာကို သူမသိတယ်။ သူမရဲ့နှလုံးသားထဲကနေကို ပီတိတစ်ခုဖြစ်လာရတယ်။

သူမသားရဲ့ကျန်းမာရေးက အမှန်တကယ်ကို ပိုပြီးပိုပြီးကောင်းလာပြီ။ သူမရဲ့သားကို မဆုံးရှုံးရတော့ဘူး။ အဲ့ဒါက အရမ်းကောင်းတာပဲ။ ဘုရားသခင်က သူမရဲ့ဆုတောင်းကို ကြားပြီးတော့ ရှောင်လီကို ပို့ပေးလိုက်တာလား?

"အမေ ကျွန်တော်ဒီတစ်ချက်ကို လျို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းပေးထားဖို့ မျှော်လင့်တယ်။ အဆိပ်ကို လုံးဝမရှင်းထုတ်ရသေးခင်အချိန်အထိ ကျွန်တော်ပြန်ကောင်းလာပြီဆိုတဲ့သတင်းကို မဖြန့်ထုတ်ဖို့မျှော်လင့်တယ်။
သစ်အယ်သီးလေးကိုလည်း ဒီအတိုင်းပဲလွှတ်ထားလိုက်ပါ။" ကျန်းမော့ရှန်းက ရှောင်မုလန်ကို အလေးအနက်ထား ပြောလိုက်တယ်။

သူဒီလိုပြောတာက ယွီဂျင်လီကိုသူ့ရဲ့ခရစ်ဒစ်ကို ပိတ်ပင်ထားချင်လို့မဟုတ်ဘူး။ ဒါပေမဲ့ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အခုလက်ရှိစွမ်းရည်နဲ့ ယွီဂျင်လီကို မကာကွယ်ပေးနိုင်တာကြောင့် ဖြစ်တယ်။ ဒီကိစ္စက အပြင်ကိုပျံ့သွားတာနဲ့ ရှောင်လီကို ထိခိုက်နာကျင်စေချင်တဲ့လူက သေချာပေါက်ကို ထိခိုက်နာကျင်အောင် လုပ်လာမှာဖြစ်တယ်။ သူဘယ်တော့မှ ရှောင်လီကို လုံးဝထိခိုက်နာကျင်ခွင့်ပြုမှာ မဟုတ်ဘူး။ အထူးသဖြင့် သူတို့ကြောင့်ဆိုရင်ပေါ့။

ရှောင်လီရဲ့စွမ်းရည်က ဘယ်လောက်တောင် ထူးခြားလိုက်သလဲဆိုတာကို ဘယ်သူ့မှ သူ့ထက်ပိုသိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သူအန္တရာယ်အနည်းငယ်ရှိလာမှာကို ပိုပြီးတော့တောင် စိုးရိမ်လာတယ်။

ကျန်းမော့ရှန်းမပြောဘူးဆိုရင်တောင် ရှောင်မုလန်က လူသိရှင်ကြားဖြစ်အောင်လုပ်ဖို့ မရည်ရွယ်ထားပါဘူး။ ပြည်ထောင်စုအတွင်းမှာရှိတဲ့ အကျော်ကြားဆုံးဒေါက်တာတွေတောင် မကုသပေးနိုင်တဲ့ဒဏ်ရာတွေကို ယွီဂျင်လီကကုသဖို့ ဘာနည်းလမ်းကို အသုံးပြုလိုက်သလဲဆိုတာကို သူမဟိုးအနက်ဆုံးထိ ရှာဖွေနေမှာမဟုတ်ဘူး။  သူမရဲ့သားကို မဆုံးရှုံးရတော့ဘူးဆိုတာကိုပဲ သူမသိတယ်။ အဲ့ဒါက အရာအားလုံးထက်စာရင် ပိုအရေးကြီးတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now