Chapter(52):ရန်သူတွေရဲ့ လမ်းကြောင်းက အရမ်းကျဉ်းမြောင်းတာပဲ။-2

4.2K 900 13
                                    

Zawgyi

ယွီဂျင်လီကအခုလက်ရှိ ဘာတွေဖြစ်နေသလဲဆိုတာကို မသိပေမဲ့ ဒီအမျိုးသမီးကတော့ သူ့ကိုမကောင်းတဲ့ စိတ်ခံစားချက်တွေပေးနေတယ်။ ဖျက်လိုဖျက်ဆီးမှုအပြည့်နဲ့ သူ့ကိုအရမ်းစိတ်မသက်မသာဖြစ်စေတယ်။ အထူးသဖြင့် သူ့အမေကိုပြောနေတဲ့ သူမရဲ့အသံနေအသံထားက လူတွေရဲ့စိတ်ကို အရမ်းမသက်မသာဖြစ်စေတယ်။

ယွီဂျင်လီက ရှောင်မုလန်ရဲ့အင်္ကျီအစကိုဆွဲပြီး တိုးတိုးလေးပြောလိုက်တယ်။ "အမေ ဒီအန်တီကဘယ်သူလဲ?"

"မင်းနာမည်ကဘာလဲ? ဘယ်လိုယဉ်ယဉ်ကျေးကျေး ပြုမူရမလဲဆိုတာကို မသိဘူးလား? မင်းမိဘတွေကမင်းကို ဒီလိုမျိုးပဲသင်ပေးထားတာလား?" ယွီဂျင်လီကသူမကို အန်တီလို့ခေါ်လိုက်တာကို မစ္စဝုကြားတာနဲ့ချက်ချင်း သူမမျက်နှာအမူအရာက ရုတ်တရက်ရှုံ့တွသွားတယ်။ သူမဒေါသထွက်လွန်းလို့ ဒီကလေးကိုရိုက်ပစ်ချင်စိတ်ကို သူမတားမရတော့ဘူး။ သူကတမင်သက်သက်ကို သူမကို လှောင်ပြောင်တိုက်ခိုက်နေတယ်လို့ ခံစားလိုက်ရတယ်။

အမှန်တကယ်မှာတော့ ယွီဂျင်လီကိုလည်း ဒါအတွက်ကြောင့်နဲ့ အပြစ်တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှောင်မုလန်က အရမ်းငယ်ရွယ်နေတဲ့ပုံပေါက်နေလို့ပဲ ဖြစ်တယ်။ မစ္စဝုကလည်း အရမ်းအသက်ကြီးတဲ့ပုံ မပေါက်သေးပေမဲ့လည်း ရှောင်မုလန်နဲ့နှိုင်းယှဉ်လိုက်တဲ့အခါကျရင် သူမကအရမ်းအိုစာနေတယ်။ သူ့အမေထက် အသက်ပိုကြီးပုံပေါက်နေတဲ့ တစ်စုံတစ်ယောက်ကို သူကအလိုအလျောက်ကိုပဲ မဒမ်လို့ခေါ်မိမှာဖြစ်တယ်။

မစ္စဝုဆီကနေ အများကြီးအဆူခံလိုက်ရတော့ ယွီဂျင်လီကရုတ်တရက် နည်းနည်းစိတ်ထိခိုက်သွားသလို ခံစားလိုက်ရတယ်။ သူအမှားတစ်ခုခုလုပ်မိသွားတယ်လို့လည်း မခံစားရပါဘူး။

"ကျွန်မဝုမိသားစုရဲ့ လေ့ကျင့်သင်ကြားပေးပုံကို သိချင်မိတယ်။ ဝုမိသားစုထဲကို လက်ထပ်မဝင်ရောက်ခင်တုန်းက မစ္စဝုကလည်းပဲ ပညာအရည်အချင်းရှိတဲ့ မိန်းမပျိုတစ်ယောက်လို့ ပြောထားတာမဟုတ်လား။ ဖြစ်ချင်တော့ အိမ်ထောင်သည်ဘဝရောက်မှ ဘယ်လိုလုပ်ပြီး
နှုတ်သီးကောင်းလျှာပါးတဲ့မိန်းမတစ်ယောက် ဖြစ်သွားရတာလဲ? ဝုမိသားစုခေါင်းဆောင်ကရှင့်ကို စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းမသင်ပေးထားဘူးလား?" ရှောင်မုလန်ကယွီဂျင်လီကို သူမအနောက်ကို ဆွဲခေါ်လိုက်ပြီးတော့ မစ္စဝုကိုစူးရှရှမျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now