Chapter(31):ငွေရှာဖို့ နည်းလမ်းများရှာဖွေခြင်း-1

4.5K 965 8
                                    

Zawgyi

ကျန်းမော့ရှန်းကိုကုသပေးပြီးတဲ့နောက်မှာ ယွီဂျင်လီက သိပ်မနေပါဘူး။ နောက်ဆုံးမှာတော့ သူညစာစားနေတာက အခုထိမပြီးသေးဘူးလေ။
စိတ်လှုပ်ရှားမှုကို ကျော်လွန်သွားပြီးတဲ့နောက် သူချက်ခဲ့တဲ့စားစရာတွေကို ပြန်လွမ်းလာတယ်။

သူအဲ့ဒါကို ရက်အများကြီးကြာအောင် မစားဘဲနေခဲ့ရတော့ သူအမှန်တကယ်ကိုလွမ်းနေပြီ။

ယွီဂျင်လီစားသောက်ဖို့ အိမ်အောက်ဆင်းလာတဲ့အချိန်မှာ ရှောင်မုလန်နှင့်ကျန်းဇန်ထောင်တို့က သူ့ကိုစားပွဲမှာ စောင့်နေသေးပြီးတော့ စားပွဲပေါ်မှာရှိတဲ့ ဟင်းပွဲတွေကလည်း သူထွက်သွားတုန်းကအတိုင်းပဲ့ ဆိုတာကို သူတွေ့လိုက်ရတယ်။ ဘယ်သူမှမလှုပ်ရှားပဲ့နှင့် သိသိသာသာကို သူ့ကိုစောင့်နေခဲ့တယ်။

ယွီဂျင်လီက ရုတ်တရက် ရှက်လာသလို ခံစားလိုက်ရတယ်။ သူကအစားစားနေတုန်း တစ်ဝက်တစ်ပျက်နှင့် ထွက်သွားပြီးတော့ တစ်စုံတစ်ယောက်ကို စားဖို့တစ်ခုခုပေးဖို့ အပေါ်ထပ်ကို ပြေးတက်သွားတယ်။ ပြီးတော့ သူ့မိဘတွေက သူ့ကိုဗိုက်ဆာဆာနှင့် စောင့်နေရတယ်။ အဲ့ဒါက အမှန်တကယ်ကို ရိုင်းတာပဲ့။

"အမေနှင့်အဖေ အရင်စားနှင့်လို့ရပါတယ်။ ကျွန်တော့်ကိုစောင့်နေစရာမလိုပါဘူး။" ယွီဂျင်လီက ရှက်ကိုးရှက်ကန်းနှင့်ပြောလိုက်တယ်။

"ဒီလိုမျိုးအရသာရှိတဲ့အစားအစာတွေက အတူတူစားမှပိုကောင်းတာ။" ရှောင်မုလန်က အပြုံးလေးနှင့်ပြောလိုက်ပြီးတော့ ယွီဂျင်လီအတွက် နောက်ထပ်ထမင်းပန်းကန်လုံးတစ်လုံးကို ထည့်ခိုင်းလိုက်တယ်။

မျှော်လင့်ထားသလိုမျိုးပဲ့ ပုံမှန်အိမ်ချက်ဟင်းပွဲ အများစုထဲက တစ်ချို့ဖြစ်နေတာတောင်မှ တရုတ်အစားအစာတွေက ပိုပြီးအရသာရှိတယ်။ အထူးသဖြင့် ရှောင်မုလန်နှင့်ကျန်းဇန်ထောင်တို့က သူတို့ရဲ့အစားအစာတွေနှင့် အလွန်အမင်းကို ကျေနပ်အားရနေပြီးတော့ ပန်းကန်ထဲမှာ စွပ်ပြုတ်တစ်စက်တောင်မကျန်တော့ဘူးဆိုတာကို သူမြင်လိုက်တဲ့အချိန်မှာ အဲ့ဒါတွေက ပိုပြီးပိုပြီး အရသာရှိသွားတယ်။ စားဖိုမှူးဖြစ်တဲ့ ယွီဂျင်လီလည်း အောင်မြင်မှုအရသာကို ခံစားလိုက်ရတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Unde poveștirile trăiesc. Descoperă acum