[Part 1]

7.7K 260 0
                                    

"ဟဲ့!!!!! မိမိုး ဘယ်ချိန်ရှိပီလဲ နင်ဒီနေ့တက္ကသိုလ်စတက်ရမယ်ဆိုတာမေ့များနေလားအေ"

ဟယ် ဟုတ်သား ဒီနေ့ကပထမဆုံးနေ့ပဲ။ ငါ့ဘ၀ရဲ့uni lifeကိုစပြီးခံစားရမယ့်နေ့။ မေ့နေလိုက်တာ။ အမေတော့ငါ့ကိုသတ်တော့မှာပဲ။

"ထပါပြီ အမေရဲ့။ သမီးကနိုးနေတာကြာပေါ့။ အမေလာနှိုးတာခံချင်လို့စောင့်နေတာ ဟီးဟီး"

"အမလေးအေ နင့်အကြောင်းမသိခက်မယ်။ မနိုးရင်မနိုးဘူးပြောစမ်းပါ။ ကဲ ထားတော့ အခုချက်ချင်းပြင်ဆင်တော့ ကြားလား"

"ဟုတ်"

အမေ့ကြောက်တာရော ကျွန်မအရမ်းမျှော်လင့်ခဲ့တဲ့နေ့လေးဖြစ်တာရော ဒီနေ့အတွက်ပြင်ဆင်ရတာခါတိုင်းထက်စိတ်ပိုပါနေတယ်လေ။ အော် ဒါနဲ့ ကျွန်မနာမည် မိုး‌မြတ်သခင်ပါ။ ဆယ်တန်းမှာအမှတ်သိပ်မကောင်းပေမယ့် ရန်ကုန်တက္ကသိုလ်ကကျောင်းသူဖြစ်ချင်တာနဲ့ပဲ အဲ့မှာမေဂျာတခုရအောင်ယူခဲ့တယ်။ မေဂျာကတော့မနှစ်ကမှ စဖွင့်ထားတဲ့ စိုက်ပျိုးရေးမေဂျာတဲ့။ အစကတော့ ဘာမှလဲမစိုက်ဖူး စိုက်ပျိုးရေးလဲ သိပ်ဝါသနာမပါတဲ့သူမို့ စိတ်ပူခဲ့တာတော့အမှန်ပဲ။ ဒါမဲ့ဘာတတ်နိုင်မလဲလေ။ ကိုယ့်ကံကဒီမေဂျာရွေးဖို့ဖြစ်လာတော့လဲကံစီမံရာပဲပေါ့။ ဘာပဲဖြစ်ဖြစ် ရန်ကုန်တက္ကသိုလ်မှာတက်ရတာနဲ့တင် တော်တော်လေးမြတ်နေပါပြီလေ။ ‌တက္ကသိုလ်တက်ရတာဘယ်လိုမျိုးလဲဆိုပြီးစိတ်ကူးခနခနယဉ်ကြည့်ဖူးတယ်။ ဒီနေ့ကတော့လက်တွေ့ခံစားရမယ့်နေ့ပေါ့။

"ကဲ ပြီးရင်လဲဆင်းလာတော့ မိမိုးရေ။ ငါကနင့်ကိုပို့ပီးရင်အလုပ်သွားရအုံးမှာဟဲ့။ နေ့တ၀က်ပဲခွင့်ယူထားတာ နင့်စောင့်နေရတာနဲ့ နေ့တ၀က်ကကျိုးတော့မယ်"

အမေ့ရဲ့ဆော်ဩသံကြောင့်ကျွန်မအမြန်ယူစရာရှိတာယူပြီးဆင်းလာရတော့တယ်။

"လာပါပြီ အမေရ။ သမီးလဲဘယ်ကားစီးသွားရမှန်းမသိလို့ အမေ့ကိုပထမဆုံးနေ့ကိုမဖြစ်မနေလိုက်ပို့ခိုင်းရတာ။ နောက်နေ့တွေသမီးကိုအမေလှည့်ကြည့်စရာမလို‌ေတာ့ပါဘူး အမေရယ်။ သမီးအကြောင်းသိတယ်မလား။ တစ်ခါပြရင်တသက်လုံးမှတ်မိတယ် ဟဲဟဲ"

ဤမျှသာWhere stories live. Discover now