[Part 21]

1.9K 114 6
                                    

စာသင်နေရပေမယ့် ဒီနေ့တစ်နေ့လုံးကျွန်မစိတ်ကတခြားဆီရောက်နေတယ်။ ဘာလို့ဆို ဟိုတစ်ယောက်ရဲ့အရိပ်အယောင်ကိုကျောင်းမှာမမြင်ရလို့ ဂနာမငြိမ်ဖြစ်နေတယ်ဆိုပါတော့။ သူပြောတော့ကျောင်းကအတူတူပဲဆိုပြီးတော့။ မေဂျာတောင်မမေးလိုက်ရဘူး။ စကောလားရှစ်ရခဲ့တာဆိုရင် စိုက်ပျိုးရေးမေဂျာပဲဖြစ်မှာပါ။ အဲ့မေဂျာအဆောင်အရှေ့ကိုလည်းသွားကြည့်ပြီးပြီ။ လွဲသွားတယ်ဆိုရင်တောင် တစ်နေရာရာမှာတော့အရိပ်အယောင်လေးပဲဖြစ်ဖြစ် တွေ့ရမယ်မလား။ မဟုတ်မှလွဲရော ကျောင်းကိုမလာတတ်တာတော့မဟုတ်လောက်ပါဘူးနော်။ သူ့ကိုထားခဲ့မိတာ မှားများမှားသွားပြီလား။ စိတ်လောပြီး အဆောင်ပြေးပြန်ကြည့်လိုက်ချင်ပေမယ့် သင်တန်းကပျက်လို့မဖြစ်တာကြောင့် စိတ်လျှော့လိုက်ရတယ်။ သင်တန်းပြီးပြီးချင်း ဘတ်စ်ကားတောင်မစောင့်တော့ဘဲ တက္ကစီငှားပြီးအဆောင်ကိုပြန်ခဲ့လိုက်တယ်။ အဆောင်ရှေ့မှာ ထုံးစံအတိုင်းအန်တီမယ်ရီနဲ့တွေ့တော့

အန်တီမယ်ရီ- စောလှချည်လား နာအိုမီ ခါတိုင်းဒီအချိန်ပြန်မရောက်ပါဘူး

နာအိုမီ- ဟုတ်ကဲ့ အန်တီမယ်ရီ တက္ကစီပဲငှားလာလိုက်တာ ဟိုလေ သူအခန်းထဲမှာရှိလားဟင်

အန်တီမယ်ရီ- သူ? သူကဘယ်သူလဲ

နာအိုမီ- မှိုင်းမိုင်ကိုပြောတာပါ သမီးအခန်းဖော်လေ

အန်တီမယ်ရီ? အော် သူလား အင်း သူအခန်းထဲမှာရှိတယ် ဒီနေ့ကျောင်းတောင်မတက်လာဘူးထင်တယ် ထွက်သွားပြီးမကြာဘူး ပြန်ရောက်လာတာပဲ ဘာတွေဒေါသထွက်စရာရှိလဲမသိပါဘူး ဘာမှတောင်မေးလို့မရဘူး အခန်းထဲတန်း၀င်သွားတော့တာ

သူကဒေါသထွက်လာတယ်? ကျောင်းကိုရောက်လာသေးတယ်ဆိုတော့ မဟုတ်မှလွဲရော ငါနဲ့ကိုဟိန်းနဲ့စကားပြောနေတာမြင်သွားတာများလား။ အာ့ကြောင့်ဒေါသထွက်ပြီး ပြန်သွားတာလား။ ဟုတ်ချင်မှဟုတ်မှာပါလေ တခြားအကြောင်းကြောင့်လဲဖြစ်နိုင်တာပဲ။ ပြီးတော့ငါကဘာကိုစိတ်ပူရမှာလဲ။ သူစိတ်ဆိုးဆိုးမဆိုးဆိုး ငါနဲ့မှမဆိုင်တာ။ သူတွေ့သွားတယ်ပဲထားပါတော့။ ဘာဆိုင်လို့သူကစိတ်ဆိုးရမှာလဲ။ သူ့မှာစိတ်ဆိုးခွင့်မှမရှိတော့တာ။ ကျွန်မလဲကျွန်မစကားပြောချင်တဲ့သူနဲ့ပြောမှာပေါ့။ သူ့မျက်နှာလိုက်မကြည့်နေချင်ပါဘူး။

ဤမျှသာWhere stories live. Discover now