[Part 34]

1.5K 93 1
                                    

မနက်ခင်းနိုးလာပြီး မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်တော့ ကုတင်ဘေးမှာ မိုင်ကကျွန်မကိုထိုင်ကြည့်နေလေရဲ့။

မိုင်- နိုးပြီလား

မိုး- အင်း ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ

မိုင်- ကြည့်လို့မ၀လို့

မိုး- အပိုတွေပြောမနေနဲ့ အကောင်းဖြေ

မိုင်- ဟောဗျာ အကောင်းပဲဖြေနေတာကို

မိုး- ထားပါတော့ ဘယ်အချိန်ထဲကနိုးနေတာလဲ

မိုင်- ၇နာရီလောက်ထဲက

မိုး- အစောကြီးဘာထလုပ်တာလဲ

မိုင်- မနေ့ကစားသောက်ဆိုင်သွားခဲ့ပြီးပြီ

မိုး- ဟုတ်လား ဘယ်လိုဖြစ်သွားလဲ

မိုင်- တိုင်ချက်ဖွင့်ထားတာမို့ ရဲတွေလိုက်ရှာနေကြတယ်

မိုး- အာ့ဆို သူကအခုပျောက်နေတာလား

မိုင်- ပျောက်နေတယ်လို့လဲမဟုတ်ပါဘူး တနေရာရာမှာပုန်းနေလို့ရှာမတွေ့သေးတာပါ

မိုး- မဟုတ်မှလွဲရော ငါ့ဆီထပ်ရောက်မလာလောက်ပါဘူးနော်

မိုင်- ကိုယ်ပြောထားတယ်လေ မနေ့ညကလိုကိစ္စမျိုးထပ်မဖြစ်စေရဘူးလို့ ကိုယ့်ကတိတည်အောင်လုပ်မှာပါ ယုံတယ်မလား

ကျွန်မစိုးရိမ်စိတ်တွေနဲ့ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ မိုင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး စောင်ထဲတိုး၀င်ကာ ကျွန်မကိုပွေ့ဖက်လာတယ်။ ကျွန်မလဲအလိုက်သင့်လေးပြန်ဖက်ပေးလိုက်တော့ သူကငြိမ်နေတယ်။

မိုး- မိုင့်မိသားစုကို ဘယ်လိုပြောထားလဲဟင်

မိုင်- အဲ့ကိစ္စစိတ်ပူစရာမလိုဘူး ကိုယ်အကုန်ရှင်းပြထားတယ် မနက်ဖြန်မှသွားကြမယ်

မိုး- တစ်မျိုးတော့မထင်သွားလောက်ပါဘူးနော်

မိုင်- လျှောက်တွေးနေပြန်ပါပြီ အမေတို့က မိုးကိုဂရုစိုက်လိုက်အုံးလို့တောင်ပြောသေးတာ

မိုး- မေမေ့ကိုရော ဘယ်လိုပြောထားတာလဲ

မိုင်- မိုးကမသိစေချင်ဘူးဆိုလို့ လိမ်ပြောထားတယ် အစကမိုးဖျားနေတယ်ဆိုပြီးလိမ်မလို့ဘဲ ဒါပေမယ့်ဖျားနေတာကမိုးဆိုရင် အန်တီစိတ်ပူနေမှာစိုးလို့ ကိုယ်ဖျားနေတာလို့ပြောလိုက်တယ်

ဤမျှသာWhere stories live. Discover now