[Part 9]

2.1K 146 1
                                    

ဒီနေ့မိုင်နဲ့ကျွန်မ ချစ်သူဖြစ်တဲ့ပထမဆုံးနေ့။ ကျွန်မကိုစကားပြန်‌ပြောမဲ့နေ့ဆိုလဲဟုတ်တယ်။ သူကျွန်မကိုကျောင်းစောစောလာဖို့ပြောတယ်။ အတန်းက၉နာရီမှဆိုတော့ ၇နာရီလောက်ကျောင်းမှာတွေ့ကြမယ်ဆိုပြီး ချိန်းထားတာပေါ့။ ကျွန်မအစောကြီးထွက်လာပြီး လမ်းမှာအများကြီးတွေးနေမိတယ်။ ရင်တွေလဲခုန်နေတယ်။ ဒါကျွန်မရဲ့ပထမဆုံးချစ်သူဘ၀ကိုရတာလေ။ အရင်ကတွဲခဲ့သူတစ်ယောက်တော့ရှိပေမဲ့ ချိန်းတွေ့ခဲ့တာမျိုးမရှိတော့ သူနဲ့လက်တောင်ကိုင်ခဲ့ဖူးတာမဟုတ်ဘူး။ အခုကမိုင်နဲ့မျက်နှာချင်းဆိုင်ကြီးတွေ့ရမှာလေ။ အတွေးတွေများရင်း ကျောင်းရောက်လာလေရဲ့။ တွေ့ပါပြီ သူ့ကို။ ကျောင်းရှေ့ကအုတ်ခုံမှာထိုင်နေလေရဲ့။ ကျွန်မထက်တောင်စောရောက်နေသေးတယ်။ ကျွန်မကိုတွေ့တော့ သူပြေးလာပြီးလက်ကိုဆွဲတယ်။ ပြီးတော့အလျင်လိုနေတဲ့ပုံစံနဲ့ ကျွန်မလက်ဆွဲပြီး ဓါတ်လှေကားထဲပြေး၀င်တယ်။ ကျွန်မလဲသူဘာဖြစ်နေလဲမသိတော့ ကြောင်တောင်တောင်နဲ့ပေါ့။ ဘာဖြစ်နေတာလဲလို့မေးလိုက်တော့ ဘာမှပြန်မဖြေဘူး။ အတန်းထဲရောက်တော့ ကျွန်မကိုထိုင်ခိုင်းတယ်။ ပြီးတော့သူလဲထိုင်တယ်။ လက်ကိုတော့မလွှတ်ပေးသေးဘူး။ ပြီးလဲပြီးရော သူကဒီအတိုင်းကြီးဘာစကားမှမပြောဘဲထိုင်နေတယ်။  ကျွန်မသူ့ကိုနားမလည်တော့ဘူး။ အဲ့ဒါနဲ့ကျွန်မပဲစကားစရတော့တာပေါ့။

မိုး- မိုင် ဘာတွေဖြစ်နေတာလဲ

မိုင်- ဘာမှမဖြစ်ဘူးလေ

မိုး- ဘာမှမဖြစ်ရင်ဘာလို့ခုနကအလျင်လိုနေတာလဲ

မိုင်- ၇နာရီ၁၅မိနစ်ဖြစ်နေပြီ ၈နာရီလောက်ကျရင်တခြားသူတွေရောက်လာတော့မှာ

မိုး- ရောက်လာတော့ဘာဖြစ်လဲ

မိုင်- ရောက်လာတော့လုပ်ချင်တာလုပ်လို့မရတော့ဘူးပေါ့

မိုး- ဟမ် ဘာလုပ်မှာမို့လဲ အခုလဲနင်ကဘာစကားမှမပြောဘဲဒီတိုင်းကြီးထိုင်နေတာပဲကို

မိုင်- အဲ့ဒါ အဲ့ဒါက ပထမဆုံးနေ့မို့ဘာမှမလုပ်သေးတာ

မိုး- မိုင် နင်ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး

ဤမျှသာWhere stories live. Discover now