[Part 29]❤️

2.3K 104 1
                                    

နောက်ဆုံးတော့ မိုင်ဆိုတဲ့ကျွန်မချစ်သူက ဘွဲ့တောင်ယူရတော့မယ်တဲ့။ ဖြစ်နိုင်ရင် ကျွန်မတို့နှစ်ယောက်ကဘွဲ့တူတူယူချင်ပေမယ့် ကျွန်မကတစ်နှစ်နောက်ကျခဲ့သည်မဟုတ်လား။ ကျွန်မရော မိုင်ရော အဲ့အတွက်စိတ်မကောင်းဖြစ်ပေမယ့် အကောင်းဘက်ကတွေးကြည့်ရင်တော့ တစ်ယောက်အနားတစ်ယောက်ရှိနေရတာပဲလေ။ အဲ့ဒါနဲ့တင်ကျေနပ်စရာကောင်းနေပြီမဟုတ်လား။ ဒီထက်ပိုပြီးလောဘကြီးမိရင် ရှိနေတဲ့ဟာလေးတောင်ဆုံးရှုံးလိုက်ရလိမ့်မယ်။

မိုင်- ဟိတ် ဘယ်တွေငေးနေတာလဲ ကိုယ့်ကိုမကြည့်ဘဲနဲ့

ဘွဲ့၀တ်စုံနဲ့ခန့်ညားနေတဲ့ ကျွန်မအမျိုးသမီးလေးက အဲ အမျိုးသားလို့ပြောရမလား။ မိန်းကလေးလို့တောင်မထင်ရတဲ့သူက ဘာ၀တ်၀တ်ချောနေတော့တာပဲ။ တခါတလေ ကျွန်မနဲ့တောင်မတန်ဘူးလို့တွေးမိလောက်အောင်ပါပဲ။ အခုလည်း ဘွဲ့သဘင်အခမ်းအနားကိုသွားတဲ့လမ်းမှာ သူ့အကြောင်းတွေးနေတာကို သူ့ကိုမကြည့်လို့တဲ့အပြစ်ပြောနေလေရဲ့။

မိုး- ငေးနေတာမဟုတ်ဘူး စဉ်းစားနေတာ

မိုင်- တစ်ယောက်ထဲကြိတ်ပြီးစဉ်းစားမနေနဲ့ ကိုယ့်ကိုလည်းပြောပြအုံး

မိုး- မပြောပြနိုင်ပါဘူး ဒါကလျှို့ဝှက်ချက်

သူ့ကိုစချင်တဲ့စိတ်နဲ့ ပြောလိုက်မိတော့ မျက်နှာကြီးကချက်ချင်းဆူပုပ်သွားလေရဲ့။ တခါတလေ မိုင်ကကျွန်မနဲ့ရွယ်တူမဟုတ်ဘဲ ကလေးတစ်ယောက်များလားလို့တောင်ထင်မိတယ်။ ရင့်ကျက်တဲ့အခါလည်း ရင့်ကျက်သလို ကလေးဆန်ရင်လည်းကျွန်မချော့လို့တောင်မနိုင်ဘူး။ ကျွန်မပြုံးလိုက်ပြီး ဒီအတိုင်းပဲငြိမ်နေလိုက်မိတယ်။ ခနကြာတော့ ကားကိုလမ်းဘေးထိုးရပ်လိုက်တာမို့ ကျွန်မအရှေ့ကိုတောင်ယိုင်ခနဲဖြစ်သွားတယ်။ ကျွန်မသူ့ကိုကြည့်လိုက်တော့ သူ့မျက်၀န်းမှာမျက်ရည်စတွေနဲ့။ ဘုရားရေ အခုသူငိုနေတာလား.... မဟုတ်မှလွဲရော ကျွန်မစလိုက်လို့များလား။

မိုး- ဘာဖြစ်လို့လဲ မိုင် ဘာလို့ငိုနေရတာလဲ ငါ့ကိုစိတ်ပူအောင်လို့

ကျွန်မပြာယာခတ်စွာနဲ့ သူ့မျက်ရည်တွေသုတ်ရင်း မေးလိုက်မိတယ်။

ဤမျှသာWhere stories live. Discover now