[Part 37]

1.6K 97 0
                                    

သုံးရက်မြောက်နေ့-

ဒီမနက် ခေါင်းထဲကတဆစ်ဆစ်နဲ့နိုးလာခဲ့တယ်။ ထဖို့ပြင်လိုက်တော့ အားမရှိသလိုနဲ့ တစ်ကိုယ်လုံးကိုက်ခဲနေတာမို့ မတ်တပ်တောင်မရပ်နိုင်ဘူး။ ကျွန်မတော့ဖျားပြန်ပြီနဲ့တူပါတယ်။ တောင်ကြီးရဲ့ရာသီဥတုကလည်း အေးတာကိုး။ ဒီလိုဆို ဒီနေ့ဆိုင်ကိုမလိုက်နိုင်တဲ့အကြောင်း မလတ်တို့ကိုပြောပြပြီးခွင့်တောင်းရပေအုံးမယ်။ အတွေးနဲ့ အားတင်းထလိုက်ပြီး အောက်ထပ်ဆင်းဖို့လုပ်နေတုန်းမှာပဲ

မိုင်- အော် မိုး နိုးလာပြီလား ကိုယ်အခုပဲလာနှိုးတော့မလို့ အောက်မှာမနက်စာစားဖို့စောင့်နေကြပြီ သွားကြမယ်လေ

မိုး- ဟို ခန...

မိုင်- ဟင် အင်းပြောလေ

မိုး- ငါဒီနေ့အိမ်မှာပဲနေခဲ့လို့ရလားဟင်

မိုင်- ဘာလို့လဲ မိုးရဲ့ နေမကောင်းဘူးလား မှန်းစမ်း ဟင်..ကိုယ်တွေပူကျစ်နေပါလား အဲ့ဒါကိုဘာလို့အစောထဲကမပြောတာလဲကွာ လာ လာ အိပ်ခန်းထဲပြန်၀င်နေ မနက်စာကိုယ်ယူလာပေးမယ်

မိုး- ဟင့်အင်း ရပါတယ် မိုင်တို့စားပြီးဆိုင်သွားတဲ့အချိန်ကျမှအောက်ဆင်းစားလိုက်မယ်

မိုင်- မရဘူး ကိုယ်ဆိုင်လဲမသွားတော့ဘူး ကိုယ့်စကားနားထောင် အခန်းထဲပြန်၀င်လှဲနေပါဆို

မိုး- ဘာလို့ဆိုင်မသွားရမှာလဲ အန်တီဆူနေအုံးမယ် ကိုယ့်ဘာကိုယ်သွားစရာရှိတာသွားလေ ငါကကလေးမှမဟုတ်တာ

မိုင်- ကလေးမဟုတ်ပေမယ့် ကိုယ့်မိန်းကလေးလေ ကိုယ်ကမင်းကိုဒီအိမ်မှာတစ်ယောက်ထဲထားခဲ့ပြီး စိတ်ဖြောင့်ဖြောင့်နဲ့အလုပ်လုပ်နိုင်မယ်ထင်လို့လား

မိုး- ဒါပေမယ့် မိုင်...

မိုင်- မပြောနဲ့တော့ ကိုယ့်စကားကိုနားထောင် ဒီမှာလှဲပြီးခနစောင့် ကိုယ်အကျိုးအကြောင်းသွားပြောပြီး မနက်စာယူလာခဲ့မယ် ဟုတ်ပြီလား

ကျွန်မခေါင်းငြိမ့်ပြလိုက်တယ်။ ပြောလဲသူ့ကိုနိုင်မှာမဟုတ်မှန်းသိနေတော့ အင်းပဲခံလိုက်ရတာပေါ့။ မိုင်အခန်းထဲကထွက်သွားပြီး မကြာခင်အိမ်ရှေ့က ခြံတံခါးဖွင့်သံကြားပုံထောက်ရင် ဆိုင်သွားကြပြီထင်တယ်။ မီးဖိုချောင်ထဲက ဒန်အိုးဒန်ခွက်အသံတွေလည်းကြားနေရတယ်ဆိုတော့ မီးဖိုချောင်တစ်ခါမှမ၀င်ဖူးတဲ့မိုင်က ကျွန်မအတွက် ကိုယ်တိုင်မနက်စာလုပ်နေတယ်နဲ့တူပါတယ်။ သိပ်မကြာခင် အခန်းတံခါးပွင့်လာပြီး မိုင့်လက်ထဲမှာပန်းကန်ကြီးကိုင်ပြီး ရောက်လာလေရဲ့။

ဤမျှသာWhere stories live. Discover now