[Part 36]

1.5K 84 1
                                    

တစ်ရက်မြောက်နေ့-

အရာအားလုံးကအဆင်ပြေနေသယောင်ရှိပေမယ့် အဆင်မပြေဘူး‌ဆိုတာ မိုင်ကလွဲပြီး အကုန်သိကြမှာပါ။ ဒီနေ့ မိုင်ကတောင်ကြီးအနီးတဝိုက်ကို လိုက်ပြမယ်ဆိုပြီး ဆိုင်ကယ်နဲ့ကျွန်မကိုတင်ခေါ်လာတယ်။ ရှုခင်းလှတဲ့နေရာရောက်တော့ ကျွန်မတို့ခနတဖြုတ်နားခဲ့ကြတယ်။

မိုး- မိုင်

မိုင်- ဟင်

မိုး- မိုင့်အမေကို ဘယ်လောက်ထိချစ်လဲဟင်

မိုင်- ထူးထူးဆန်းဆန်းဘာတွေမေးနေတာလဲ အချစ်ရဲ့

မိုး- ပြောပြပါ မိုးသိချင်လို့

မိုင်- ကိုယ့်အမေပဲမိုင်ရယ် ကိုယ်ပြောမပြတတ်လောက်အောင်ချစ်တာပေါ့ ကိုယ်ငယ်ငယ်လေးထဲက အမေကကိုယ်လိုချင်သမျှဖြည့်ဆည်းပေးခဲ့တာ ကိုယ်ဖြစ်ချင်တာရှိလဲသူကနားလည်ပေးတယ် ဘယ်လိုပြောရမလဲ ကမ္ဘာပေါ်မှာအကောင်းဆုံးအမေတ‌စ်ယောက်ပဲ

မိုင်ကပြုံးပြီးပြောတယ်။ ကျွန်မမိုင့်ကိုကြည့်နေရင်းကနေ လိုက်ပြုံးမိတယ်။ ပျော်လို့ပြုံးလိုက်တဲ့ အပြုံးမဟုတ်ဘူးဆိုတာငိုတော့ ဝဲတက်လာတဲ့မျက်ရည်တွေကပြောပြနေမှာပါ။

မိုင်- ဟင် မိုး ဘာလို့ငိုတာလဲ ဘာလို့လဲဟင် ကိုယ်ပြောတဲ့အထဲအမှားပါသွားလို့လား

မိုး- ဟို..မဟုတ်ပါဘူး အမေ့ကိုသတိရသွားလို့ပါ

မိုင်- လန့်သွားတာပဲ မိုးရာ

ပါးပြင်ကိုပွတ်သပ်ကာ ပြောလာတဲ့သူက တကယ်စိတ်ပူသွားပုံရတယ်။ ပါးပြင်ပေါ်ကသူ့လက်ကို အုပ်ကိုင်လိုက်ပြီး ကျေနပ်တဲ့အပြုံးတွေနဲ့ပြုံးပြလိုက်တယ်။

မိုး- ဘာလို့များအဲ့လောက်တောင်စိတ်ပူသွားရတာလဲ

မိုင်- မသိဘူးကွာ မိုးမျက်နှာလေးနည်းနည်းပျက်ရင်တောင်မနေတတ်ဘူး အဲ့ဒါသိရဲ့လား

မိုး- ငါ့ကိုအဲ့လောက်ထိချစ်တာလား

မိုင်- ချစ်တာပေါ့ မင်းမရှိရင်မဖြစ်တော့တဲ့အထိပဲ

သူ့အပြောကို သဘောကျလို့ပြုံးလိုက်မိပေမယ့် ရင်ထဲမှာ၀မ်းနည်းမှုကလှိုက်ခနဲ။ ငါမရှိလဲနင်နေတတ်အောင်ကြိုးစားရတော့မယ် မိုင်ရေ....

ဤမျှသာWhere stories live. Discover now