[Part 2]

4.2K 205 1
                                    

နောက်နေ့ကျတော့ အမေမပါလဲကျွန်မတယောက်ထဲသွားတတ်ပြီဆိုတော့ တယောက်ထဲပဲပေါ့။ ဒါမဲ့စိတ်လှုပ်ရှားတာကမနေ့ကထက်ပိုဆိုးတယ်။ ဒီနေ့ကပထမဆုံးစာစသင်မဲ့နေ့လေ။ အတန်းထဲရောက်ရင်လဲဘယ်သူနဲ့ထိုင်ရမယ်မှန်းလဲမသိဘူး။ ဟူး စိတ်မောလိုက်တာနော်။ အတွေးပေါင်းစုံနဲ့အတန်းရှေ့ကိုတော့ရောက်လာတာပါပဲ။ အတန်းထဲ၀င်လိုက်တော့ စောသေးလို့ထင်ပါတယ်။ လူသိပ်မရှိဘူး။ ထိုင်ချင်တဲ့နေရာထိုင်လိုက်တော့မယ်ဆိုပြီးလုပ်တဲ့အချိန်

"ဟိတ် ဒီမှာလာထိုင်ပါလား"

ကျွန်မလှည့်ကြည့်လိုက်တော့မိန်းကလေးလေးယောက်ထိုင်နေတဲ့ဝိုင်းကကျွန်မကိုလှမ်းခေါ်နေတာ။ ကျွန်မလဲဘာမှစဉ်းစားမနေဘဲ သွားထိုင်လိုက်တယ်။

"နင်ကမနေ့ကနောက်ကျတဲ့တယောက်မလား"

"ဟင် သိနေတယ် ဘယ်လိုသိ"

"မနေ့ကနောက်ကျတာနင်တယောက်ပဲရှိတယ်လေ။ မမှတ်မိစရာအကြောင်းမှမရှိတာ"

"ဟာ သွားပါပြီ မိုးမြတ်သခင်တော့ပထမဆုံးနေ့မှာတင်နာမည်ကြီးပြီ"

"အဲ့လောက်ကြီးလဲစိတ်မပူပါနဲ့ ဘာမှမဖြစ်ဘူး ဒါနဲ့နာမည်ကမိုးမြတ်သခင်တဲ့လား"

"အင်း ဟုတ်တယ် အကုန်လုံးကတော့မိုးလို့ပဲခေါ်ကြတယ်"

"အာ့ဆိုမိုးလို့ပဲခေါ်မယ်နော် ငါ့နာမည်ကသိမ့်ရတီ။ သူတို့က ဖူးငုံပွင့်၊ ယွန်းမေခ နဲ့ ရွှေပုံတဲ့။ နာမည်တွေကခက်တယ်မလား။ အတိုကောက်ပဲခေါ်ပေါ့။ ငါ့ဆိုရင် သိမ့်၊ သူတို့‌ဆို ဖူး၊ ယွန်း ၊ ပုံပုံပေါ့"

မိုး-ကောင်းသားပဲ အဲ့လိုပဲခေါ်မယ်နော်။ ဒါနဲ့လေ လူနည်းနေသလိုပဲနော်။ စောများနေလို့လား

ယွန်း- ဘယ်ကသာ မိုးရယ် ဒါလူအကုန်ပဲ။ အယောက်၂၀ပဲရှိတာလေ

မိုး- ဟင် တကယ်ကြီး အာ့ဆိုမနေ့ကလူတွေအများကြီးက?

ပုံပုံ- အဲ့ဒါကမနှစ်ကစီနီယာတွေလေ

ဖူး- ဟုတ်တယ် ဒီမှာကမိန်းကလေးဆယ်ယောက် ယောက်ျားလေးဆယ်ယောက်ပဲရှိတာ။ ဟိုဘက်အခန်းကစီနီယာတွေအခန်း သူတို့ကအ‌ယောက်၅၀လောက်ရှိတယ်

ဤမျှသာWhere stories live. Discover now