[Part 38]

1.6K 100 1
                                    

ငါးရက်မြောက်နေ့-

မိုင်- မိုးရေ မိုး

အခန်းတံခါးကိုခေါက်ပြီး ကျွန်မနာမည်ခေါ်လာတဲ့သူ့ကြောင့် ‌ရေချိုးဖို့ပြင်ဆင်နေတဲ့အတွေးတွေကိုရုပ်သိမ်းလိုက်ရတယ်။ ချွတ်ဖို့ပြင်နေတဲ့ အ၀တ်အစားကိုပြန်၀တ်ပြီး တံခါးသွားဖွင့်လိုက်တော့ မိုင်ကအပြုံးတွေနဲ့ကြိုဆိုတယ်။

မိုး- ဘာတွေ၀မ်းသာစရာရှိလို့ဒီလောက်ပြုံးနေရတာလဲ

မိုင်- ဟင်းဟင်း ရှိတာပေါ့ မိုးနဲ့ကိုယ်နဲ့ကမ်းခြေသွားမယ့်ကိစ္စလေ အဲ့ဒါကိုယ်အားလုံးပြင်ဆင်ပြီးပြီ မိုးပြောတဲ့အတိုင်းသဘက်ခါသွားဖို့စီစဉ်ထားတယ် မေမေကလည်းခွင့်ပြုတယ်တဲ့

မိုး- အော် ဟုတ်လား အဆင်ပြေတာပေါ့ အဲ့ဒါပြောဖို့လာတာလား

မိုင်- အဲ့ဒါလဲပြောရင်းနဲ့ ကိုယ်ဒီနေ့ ကိုယ့်ဘကြီးအိမ်မှာသွားအိပ်ရမှာမို့ အိမ်မပြန်လာနိုင်လောက်ဘူးလို့ပြောမလို့

မိုး- ဘာလို့သွားအိပ်မှာလဲ အဲ့ဒီမှာ

မိုင်- ကိုယ့်ဘကြီးက သူ့ဆီမှာမပြန်ခင်တစ်ညလောက်၀င်အိပ်သွားပါဆိုလို့ပါကွာ တစ်ညပဲလေနော် မိုးအဆင်ပြေတယ်မလား

မိုး- အဆင်မပြေဘူးပြောလဲသွားမှာပဲမလား

မိုင်- မိုးကလဲ မိုးကမသွားနဲ့ပြောရင်တော့ဘယ်သွားပါ့မလဲ ဒါပေမယ့်ဘကြီးကိုအားနာစရာတော့ဖြစ်တာပေါ့

မိုး- ကဲပါ သွား ငါအဆင်ပြေတယ်

မိုင်- တကယ်လား အာ့ကြောင့်မိုးကိုချစ်တာ

ပြောရင်းဆိုရင်း လူကိုလာဖက်နမ်းနေတဲ့သူ့ကြောင့် စိတ်ကလွတ်ချင်ချင်ဖြစ်သွားတယ်။

မိုး- မိုင်ရေ တံခါးမပိတ်ထားဘူးနော် အဲ့လိုတွေလျှောက်လုပ်မနေနဲ့

မိုင်- အဲ့ဒါများ သွားပိတ်လိုက်မှာပေါ့

တကယ်ကြီး တံခါးပိတ်ဖို့လုပ်နေတဲ့သူ့ကိုအမြန်ဆွဲထားလိုက်ပြီး အခန်းပြင်ကိုတွန်းပို့ရတော့တယ်။

မိုင်- ဘာလဲကွာ နှင်ထုတ်နေတာလား ကိုယ့်ကို

မိုး- မိုင်သွားရတော့မှာမလား သွားတော့လေ ကြာနေတယ်ဆိုပြီးမိုင့်အမေဆူနေအုံးမယ်

ဤမျှသာWhere stories live. Discover now