[Part 42]

1.9K 115 0
                                    

ကျွန်မဂျပန်မှာရှိနေတာ တစ်လလောက်ရှိပြီ။ အခုဆို ကျွန်မအရင်ကထက်စာရင် တော်တော်လေးအဆင်ပြေလာတယ်ပြောရမယ်။ သူ့အကြောင်းမတွေးမိတဲ့နေ့တော့ မရှိသေးပေမယ့် အရင်လိုငိုမနေတတ်တော့ဘူး။ အလုပ်လည်းရနေပြီဆိုတော့ သူ့အကြောင်းစဉ်းစားမိတဲ့အချိန်လည်းလျော့သွားတယ်။ အလုပ်သွားပြီးအိမ်ပြန်တဲ့အချိန်မျိုးတွေဆို ကျွန်မသဘောကျတဲ့ကော်ဖီဆိုင်လေးမှာ အမြဲထိုင်ဖြစ်တယ်။ ကော်ဖီဆိုင်မှာဖွင့်ထားတဲ့သီချင်းလေးတွေနားထောင်ပြီး မဆီမဆိုင်မျက်ရည်ဝဲမိနေတုန်းပဲ။ အဲ့ဆိုင်က၀န်ထမ်းတွေဆို ကျွန်မနဲ့သူငယ်ချင်းတောင်ဖြစ်နေပြီ။ အမေနဲ့အန်တီမယ်ရီကလည်း သူတို့ကမ္ဘာနဲ့သူတို့ပျော်နေကြပါတယ်။ အမေက ကျွန်မဆီတစ်ပတ်ကို တစ်ခါလောက်တော့လာတွေ့တယ်။ ဖုန်းကတော့နေ့တိုင်းပြောဖြစ်တာပေါ့လေ။ နေ့တိုင်း အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ဖြစ်နေတော့ တခါတလေအထီးကျန်သလိုခံစားရတယ်။ အဲ့အချိန်တိုင်း ကျွန်မသူငယ်ချင်းတွေကို သတိရမိတယ်။ သူတို့သာရှိနေရင် ဘ၀ကြီးကအဲ့လောက်ပျင်းစရာကောင်းနေမှာမဟုတ်ဘူး။ မိုင့်ကိုအဆက်အသွယ်ဖြတ်ချင်တဲ့စိတ်နဲ့ သူတို့ကိုပါအဆက်အသွယ်ဖြတ်မိခဲ့တယ်။ ဒါပေမယ့် တစ်နေ့မှသူတို့ကိုမေ့မရဘူးဆိုတာတော့ သိစေချင်မိတယ်။ အခုဆိုသူတို့လည်း စိတ်ပူနေကြမလားဘဲ။ ကျွန်မကရုတ်တရက်ကြီး ပျောက်သွားတာဆိုတော့လေ။

ဒီနေ့လဲ ကျွန်မအလုပ်ကပြန်လာပြီးကော်ဖီဆိုင်ထိုင်ဖြစ်တယ်။ ဒီနေ့တော့ ထူးထူးခြားခြား မိုးတွေအရမ်းရွာနေတယ်။ ကျွန်မဂျပန်ကိုပြန်ရောက်ထဲက မိုးရွာတာမတွေ့ရသေးတာမို့ အထူးအဆန်းဖြစ်နေပေမယ့် ကျွန်မကြိုက်ပါတယ်။ မိုးအေးအေးမှာ ကော်ဖီပူပူလေးသောက်ရတဲ့ခံစားချက်က ဘာနဲ့မှမလဲနိုင်ပေဘူးမလား။ သီချင်းအေးအေးလေးပါ ဖွင့်ထားတော့ ပိုမိုက်တာပေါ့။ အဲ့အချိန်ရုတ်တရက်ကြီး ဖုန်း၀င်လာတယ်။ ကြည့်လိုက်တော့ အမေဆက်နေတာ။ ဘာများဖြစ်လို့လဲဆိုပြီး စိတ်တော့နည်းနည်းပူသွားတယ်။ ဘာလို့ဆိုအမေက ညဘက်ကျမှဖုန်းဆက်နေကြလေ။ ဒီလိုရုံးဆင်းချိန်ကြီး မဆက်ဖူးပါဘူး။ တွေးပူခြင်းနဲ့အတူ ဖုန်းကိုကောက်ကိုင်လိုက်မိတယ်။

ဤမျှသာWhere stories live. Discover now