[Part 12]

1.8K 116 0
                                    

မိုင်- သိမ့်ရတီ ငါတို့စကားပြောကြမလား

သိမ့်- ဘာကိစ္စလဲ

မိုင်- ဘာကိစ္စဖြစ်ရမှာလဲ မိုးနဲ့ပတ်သက်ပြီးငါတို့စကားပြောရမယ်လေ

သိမ့်- မိုးနဲ့နင့်ကြားလာနှောင့်မယှက်ပါနဲ့ဆိုတဲ့ စကားပြောမယ်ဆိုရင်တော့ နင်အခုထဲက ထွက်သွားလိုက်တာကောင်းမယ်နော်

မိုင်- မဟုတ်ပါဘူးဟာ ငါကနင်နဲ့အေးအေးဆေးဆေးညှိနှိုင်းချင်တာ

သိမ့်- အာ့ဆိုလဲပြီးရော ပြောကြည့်လေ

မိုင်- မနေ့ကမိုးအရမ်းစိတ်မကောင်းဖြစ်သွားတယ် အဲ့ဒါနင်သိလား

သိမ့်- သိတယ် အာ့ကြောင့်မို့ငါလဲတောင်းပန်ပြီးပြီ

မိုင်- နင်တို့ပြန်ပြီးအဆင်ပြေသွားတာငါသိပါတယ် မနေ့ကမိုးငါ့ကိုပြောပြပြီးပြီ

သိမ့်- အာ့ဆိုပြီးပြီလေ ဘာပြောအုံးမှာလဲ

မိုင်- မပြီးသေးဘူး နောက်တခါအဲ့လိုမဖြစ်အောင် နင်ငါ့ကိုအမြင်ကြည်စေချင်တယ်

သိမ့်- အာ့ဆိုငါအမြင်ကြည်အောင် နင်နေလေ

မိုင်- ငါကဘာတွေလုပ်နေလို့လဲ

သိမ့်- နင်စကားပြောတဲ့လေသံကိုအရင်ပြင် ပြီးတော့ရွဲ့တတ်တာရောပဲ

မိုင်- ဟုတ်ပြီလေ ပြင်ပေးမယ် နင့်ဘက်ကလဲပြင်စရာရှိတာတွေပြင်ပေး

သိမ့်- ငါကဘာဖြစ်နေလို့လဲ

မိုင်- မိုးကိုအရမ်းမချုပ်ခြယ်နဲ့ ပြီးတော့ငါတို့နှစ်ယောက်ကိုနားလည်နိုင်အောင်ကြိုးစားပေး

သိမ့်- ဒါပဲမလား ကြိုးစားကြည့်ပေးမယ်

မိုင်- အာ့ဆိုငါတို့နှစ်ယောက်အဆင်ပြေပြီလား

သိမ့်- ထင်တာပဲ

ကျွန်မဒီနေ့ခါတိုင်းနေ့တွေထက် ကျောင်းနောက်ကျတယ်။ အကြောင်းကတော့မနေ့ကစာလုပ်တာများသွားပြီး မနက်မထနိုင်ဘူးဆိုပါတော့။ ကျောင်းရှေ့ရောက်တော့ သိမ့်နဲ့မိုင် စကားရပ်ပြောနေတာလှမ်းတွေ့ရတယ်။ ဘာတွေများပြောနေကြပါလိမ့်။ ထပ်ပြီးရန်ဖြစ်နေတာတော့မဟုတ်ပါဘူးနော်။ ကျွန်မသူတို့ဆီအမြန်လေးပြေးသွားလိုက်တယ်။ လောလောနဲ့ပြေးလိုက်တာ ၀တ်ထားတာကဒေါက်ဖိနပ်မှန်းမေ့ပြီး ခြေချော်ကျလေရဲ့။

ဤမျှသာWhere stories live. Discover now