[Part 41]

1.6K 94 1
                                    

လေယာဉ်ကွင်းအပြင်ဘက်ကို ခြေချလိုက်တာနဲ့ အေးစိမ့်‌နေတဲ့ရာသီဥတုကြောင့် ဂျပန်ကိုပြန်ရောက်လာပြီဆိုတဲ့အသိကို တွေးမိလိုက်တယ်။ ကျွန်မညတွင်းချင်း လေယာဉ်နဲ့ဂျပန်ကိုလာခဲ့လိုက်တယ်။ အားလုံးကအမေ့အကူအညီကြောင့်ဖြစ်လာခဲ့တာ။ ကျွန်မပြန်လာဖို့ကိစ္စကိုသူတာ၀န်ယူခဲ့တယ်လေ။ ဒီရောက်တော့ အမေကလာကြိုတယ်။ ပြီးတာနဲ့အမေ့ကိုရှာ‌ပေးဖို့တောင်းဆိုထားတဲ့‌ နေရာကို တန်းလာခဲ့လိုက်တယ်။ တိုက်ခန်းတစ်ခုရှေ့မှာ ကားကရပ်သွားတယ်။ အခန်းကိုရောက်ဖို့ လေးလွှာအထိတက်ရတယ်။ လေးလွှာကအခန်းလေးတစ်ခန်းပေါ့။ မကျယ်ပေမယ့် ကျွန်မတစ်ယောက်ထဲနေလို့အဆင်ပြေပါတယ်။

"သမီး ဒီမှာနေလို့အဆင်ပြေပါ့မလား"

မိုး- ပြေပါတယ် တစ်ယောက်ထဲနေမှာပဲဟာ ကျယ်စရာမလိုပါဘူး

"ဒီမှာနေမယ်ဆိုရင် ပတ်၀န်းကျင်ကိုစိတ်ပူစရာမလိုဘူး။ တိုက်ခန်းပိုင်ရှင်က မယ်ရီ့ရဲ့မိတ်ဆွေ။ သူကအပေါ်ဆုံးထပ်ကအခန်းမှာနေတယ်။ တခုခုဆိုသူ့ကိုအကူအညီတောင်းလို့ရတယ်။ ပြီးတော့ ဒီတိုက်မှာနေတဲ့သူတွေကလည်း သဘောကောင်းပြီး ဂုဏ်သိက္ခာရှိတဲ့သူတွေချည်းပဲ"

မိုး- အခုတောင်တော်တော်လေးအဆင်ပြေနေပါပြီ အန်တီမယ်ရီ့ကိုကျေးဇူးတင်ကြောင်းပြောပေးပါအုံး

"အလုပ်အတွက်စိတ်မပူနဲ့ seafoodကုမ္ပဏီတစ်ခုကလူခေါ်နေတာနဲ့ အမေသမီးအတွက်formတင်ပြီးပြီ မနက်ဖြန်အင်တာဗျူးသွားဖြေလိုက်"

မိုး- ဟုတ်ကဲ့ပါ အမေကအကောင်းဆုံးပဲ

"ကဲ အခုပြောပါအုံး ဟိုကလေးမနဲ့ဘာတွေအဆင်မပြေလာတာလဲ"

မိုး- သူနဲ့အဆင်မပြေတာမဟုတ်ပါဘူး သူ့အမေကြောင့်ပါ

"ဘာလဲ သဘောမတူဘူးတဲ့လား"

မိုး- မိုင်ကသမီးကို‌ရွေးချယ်ခဲ့ရင် သူ့အလောင်းပဲမြင်ရမယ်တဲ့လေ

"အဲ့လောက်ထိတောင်လား ဟိုကလေးမကဘာမှမသိဘူးလား"

မိုး- သိရင်ဘယ်ငြိမ်နေပါ့မလဲ အမေရယ် သမီးလည်းနှစ်ဖက်လုံးအဆင်ပြေမယ့်ဟာကိုလုပ်ခဲ့တာ သမီးလုပ်တာမှန်တယ်မလား ဟင်?

ဤမျှသာWhere stories live. Discover now