[Part 17]

1.6K 92 1
                                    

သိမ့်တို့လေးယောက်ပြန်သွားပြီးတော့ တစ်ညလုံးမိုင့်ဆီကဖုန်းတွေ၀င်ပေမဲ့ ကျွန်မကိုင်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။ သူမေးလာတဲ့အခါဘာပြန်ပြောရမလဲ။ သူ့ကကျွန်မကိုမခွဲနိုင်ပါဘူးလို့ပြောလာရင် ကျွန်မဘာပြန်ပြောရမလဲ။ အဲ့အချိန်ကျွန်မစိတ်ပျော့သွားရင်ဘယ်လိုလုပ်မလဲ။ ဒီတစ်ညတော့ နင့်ဖုန်းကိုမကိုင်ပါရစေနဲ့အုံး မိုင်ရယ်။ နင့်ကိုပြောရမယ့်စကားတွေ ငါ့ခေါင်းထဲမှာစီရအုံးမယ်။ နင့်ကိုလမ်းခွဲစကားပြောတဲ့အချိန် ငါ့စိတ်မပျော့သွားဖို့ ငါပြင်ဆင်ရအုံးမယ်။ အကယ်၍များ နင်ငိုခဲ့ရင် မသိချင်ယောင်ဆောင်ပြီးဖုန်းချပစ်နိုင်ဖို့ ငါအားတွေအများကြီးမွေးရအုံးမယ်။ ငါအဆင်သင့်ဖြစ်တဲ့အချိန်ကျရင်တော့ ငါနင့်ဖုန်းကိုကျိန်းသေပေါက်ကိုင်မှာပါ မိုင်ရယ်။ ဖြစ်နိုင်သမျှတော့အချိန်ဆွဲထားချင်သေးတယ်။ ဘာလို့ဆို နင့်ဖုန်းကိုကိုင်မယ့်အချိန်က နင်နဲ့စကားပြောရမယ့်နောက်ဆုံးအချိန်လေးမို့လို့ပါ။ နောက်ဆုံးအချိန်လေးမှာတောင် နင့်ကိုငိုစေမယ့်စကားတွေပြောရတဲ့အတွက် ငါ့ကိုခွင့်မလွှတ်ပါနဲ့။

နောက်နေ့မနက် ကျွန်မနိုးလာတော့မျက်နှာသစ်ဖို့ရေချိုးခန်းထဲ၀င်ခဲ့တယ်။ ရေချိုးခန်းထဲက မှန်ပေါ်မှာကိုယ့်ပုံရိပ်ကိုပြန်မြင်ရတော့ ကျွန်မမျက်နှာဘယ်လောက်တောင်ဖြူဖတ်ဖြူရော်ဖြစ်နေလဲဆိုတာကိုတွေ့ရတယ်။ ကျွန်မပုံစံက ပုံမှန်လူတစ်ယောက်နဲ့မတူတော့ဘဲ လူမမာပုံစံဖြစ်နေပြီ။ ဒီပုံစံကိုတွေ့ရင်ကော မိုင်ဆိုတဲ့လူသားက ကျွန်မကိုဆက်ချစ်ပါအုံးမလား။ သူကဆက်ချစ်မယ်ဆိုရင်တောင် ကျွန်မကတော့သူ့ကိုဆက်ချစ်ခွင့်ပြုမှာမဟုတ်ဘူး။ သေမလားရှင်မလားမသိတဲ့လူတစ်ယောက်အနားမှာနေရင်း ယောင်‌လည်လည်ဖြစ်နေရမဲ့အဖြစ်မျိုး မိုင့်ကိုမဖြစ်စေချင်ဘူး။ ဖြစ်လာမှာမသေချာတဲ့မျှော်လင့်ချက်မျိုးလဲမပေးချင်ဘူး။

ရေချိုးခန်းထဲကပြန်ထွက်လာတော့ မိုင့်ဆီကဖုန်း၀င်လာပြန်တယ်။ အဲ့တစ်ယောက်ကလေ မမောနိုင်မပန်းနိုင်တနေ့လုံး တစ်နေ့လုံးတစ်ညလုံးဖုန်းခေါ်နိုင်လွန်းတယ်။ သူမနေ့ညကအိပ်ရောအိပ်ရဲ့လားမသိဘူး။ မကိုင်မှန်းသိရင်လဲမခေါ်နဲ့တော့ပေါ့။ မဟုတ်တဲ့နေရာမှာဇွဲကြီးနေပြန်ပြီ။ ခေါင်းမာတာကလဲ တော်ရုံတန်ရုံမဟုတ်ဘူး။ မတတ်နိုင်တဲ့နောက်ဆုံးသက်ပြင်းချကာ စိတ်ကိုတင်းလိုက်ပြီး ဖုန်းကိုကိုင်လိုက်တယ်။ ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရတဲ့အော်သံကြောင့်ကျွန်မတုန်တက်သွားတယ်။

ဤမျှသာWhere stories live. Discover now