[Part 14]

1.7K 113 0
                                    

"ဟဲ့ သမီးဘယ်လိုဖြစ်လို့အမေထုတ်ပေးထားတဲ့ အကျီကိုမ၀တ်တာလဲ"

"ရှင် အော် အဲ့ဒါကလေ သမီးဒီနေ့သူငယ်ချင်းတွေနဲ့အရောင်တိုက်ထားတာ အမေရဲ့ အပြာရောင်၀တ်ကြမယ်ပြောထားလို့"

"ဟေ ဟုတ်လား အဲ့ဒါစောစောကမပြောဘူး အမေကမသိလို့ပန်းရောင်ထုတ်ပေးထားတာ။ မနက်ဖြန်ကျရင်တော့၀တ်မယ်မလား"

"အဲ မနက်ဖြန်ကျရင်လဲအဖြူရောင်၀ယ်မယ်ပြောထားတယ် အမေရ"

"နင်တို့ကလဲလေ ပြီးရော ပြီးရော"

ဟူး တော်ပါသေးရဲ့။ ဆင်ခြေကောင်း‌တွေ့သွားလို့။ မဟုတ်ရင် ပြသာနာတော့တက်တော့မှာပဲ။ အာ့ကြောင့်မိုင့်ကိုပြောပါတယ် မလုပ်ပါနဲ့ဆို လုပ်ဖြစ်အောင်လုပ်တယ်။ ခုတော့ ရင်‌လေးနည်းနည်းဟိုက်တာတောင် ၀တ်လို့မရတော့ဘူး။ တွေ့မယ် ကျောင်းရောက်မှရန်တွေ့ပစ်အုံးမယ်။

အ‌တွေးနဲ့‌ဒီနေ့ကျောင်းကိုစောစောလာခဲ့တယ်။ အဲ့ဒါမှတခြားသူတွေမလာခင်သူ့ကိုရန်တွေ့လို့ရအောင်လို့လေ။ ဒါမျိုးကလဲ သူများတွေကြားလို့ကောင်းတဲ့ဟာမှမဟုတ်တာ။ အဲ့လိုနဲ့RCရှေ့ရောက်တော့ အနောက်ကလှမ်းခေါ်သံကြားတယ်။

"ဟိတ် ကောင်မလေး"

မိုး- ရှင် ကျွန်မကိုခေါ်တာလား

"ဟုတ်တယ်လေ မင်းကိုခေါ်တာပေါ့ မင်းနဲ့ကိုယ်နဲ့ပဲရှိတာကို"

သူပြောတာလဲဟုတ်ပါရဲ့။ ကျောင်းမှာလူကကျွန်မတို့နှစ်ယောက်ပဲရှိသလားမှတ်ရတယ်။ စောလဲစောသေးတော့ အဝေးကိုလှမ်းကြည့်မှ သန့်ရှင်းရေးအန်တီကြီးတစ်ယောက်စ နှစ်ယောက်စကိုတွေ့ရတယ်။ ထားပါတော့။ သူကကျွန်မကိုခေါ်တာဆိုရင်ဘာလို့ဖို့များပါလိမ့်။ ရုပ်ကိုကြည့်ရတာတော့ ဒီကကျောင်းသားပုံစံမျိုးပါပဲ။ ဒါမဲ့ကျွန်မမှသူ့ကိုမသိတာ။

"ဟေ့ ဘာတွေငေးနေတာလဲ ကိုယ့်ကိုမမှတ်မိဘူးလား"

မိုး- ကျွန်မတို့တွေ့ဖူးကြလို့လားဟင်

"ဟော မေ့တတ်ရန်ကော မနေ့ကမှတွေ့ထားတာကို"

မိုး- မနေ့က? နေပါအုံး ဟိုတစ်ယောက်များလား ကျွန်မကိုရေလောင်းသွားတာလေ

ဤမျှသာWhere stories live. Discover now